လိုက်ပ်ဇစ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၈:၀၀ နာရီ)
လိုက်ပ်ဇစ်အသင်းက ချန်ပီယံလိဂ်ဝင်လာခဲ့ချိန် (၃)ပွဲ ဆက် နိုင်ပွဲပျောက်ထားတယ်။ အော့စ်ဘတ်ကလည်း ဒီရာသီမှာ တန်းတက်ကလပ်ကိုသာ နိုင်ထားတာပါ။ လိုက်ပ်ဇစ် နိုင်ပွဲပြန်ရနိုင်ပေမဲ့ ဂိုးမပြတ်လောက်ဘူး။
ဖရိုင်းဘတ် - ဆန့်ပေါ်လီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၈:၀၀ နာရီ)
ဖရိုင်းဘတ်အသင်း ရာသီအစမှာ ဘိုင်ယန်ကိုသာ အရေးနိမ့်ထားပြီး ကျန်သုံးပွဲစလုံး အနိုင်ရခဲ့တယ်။ ဖရိုင်းဘတ်အသင်း နိုင်ပွဲဆက်ဦးမယ်။
ဝုလ်ဖ်ဘတ် - စတုဂတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၈:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်းက ကစားပြီးတဲ့ (၄)ပွဲမှာ (၃)ပွဲ အရေးနိမ့်ထားခဲ့ပေမဲ့ ဘိုင်ယန်၊ ဖရန့်ဖတ်နဲ့ လေဗာကူဆင်အသင်းတွေကို အရေးနိမ့်ခဲ့တာဖြစ်တယ်။ ဒီပွဲတွေမှာလည်း ပြိုင်ဘက်တွေကို သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့တာ တွေ့ရတယ်။ စတုဂတ်ကတော့ ချန်ပီယံလိဂ်ဝင်လာချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ရလဒ်တွေ ကောင်းနေတယ်။ ဝုလ်ဖ်ဘတ်အသင်း အမှတ်ရလိမ့်မယ်။
မိန့်ဇ် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၈:၀၀ နာရီ)
မိန့်ဇ်အသင်း နောက်ဆုံးပွဲမှာ နိုင်ပွဲစရထားတာ တွေ့ရတယ်။ ဟိုင်းဟိုင်က ရလဒ်ပိုင်း ယိုင်သွားပေမဲ့ ဒီပွဲတော့ အမှတ်ပြန်ယူမယ်ထင်တယ်။
မိုချန်ဂလာဘတ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၈:၀၀ နာရီ)
မိုချန်ဂလာဘတ်က ဒီရာသီ အိမ်ကွင်း(၂)ပွဲမှာ လေဗာကူဆင်၊ စတုဂတ်တို့ကို အရေးနိမ့်ခဲ့တယ်။ ဒီပွဲလည်း မိုချန် နိုင်ပွဲရဦးမယ်မထင်ဘူး။
ဘိုင်ယန်မြူးနစ် - လေဗာကူဆင် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၁၁:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းနဲ့ နည်းပြ ကွန်ပနီအတွက် ပွဲကျပ်ကာလစတင်ပြီလို့ ပြောရမယ်။ ဒီပွဲပြီးရင် အက်စတွန်ဗီလာ၊ ဖရန့်ဖတ်တို့နဲ့အပြီး နိုင်ငံတကာရက်သတ္တပတ် ခံသွားပေမဲ့ စတုဂတ်၊ ဘာစီလိုနာအသင်းတွေနဲ့ ဆက်ကစားရဖို့ ရှိပါတယ်။ လက်ရှိ ဘိုင်ယန်အသင်းရဲ့ ဂိုးသွင်းနှုန်းက ကြောက်စရာကောင်းတဲ့ အနေအထားရောက်နေပေမဲ့ ဆက်လက်စောင့်ကြည့်ရဦးမယ့် အခြေအနေပါပဲ။ လေဗာကူဆင်အသင်းက လည်း နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲဆက်ထားပြီး ပွဲတိုင်းကို (၄)ဂိုးစီ သွင်းယူထားတာတွေ့ရတယ်။ ဒီတစ်ပွဲတော့ ဘိုင်ယန် နိုင်လိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
