အူဒီနီးစ် - အင်တာမီလန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၇:၃၀ နာရီ)
အူဒီးနီးစ်က ရလဒ်ကောင်းတွေ တောက်လျှောက်ရယူပြီးမှ နောက်ဆုံးပွဲမှာ ရိုးမားကို ဂိုးပြတ်ရှုံးခဲ့တယ်။ ဒီရာသီထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ရခြင်းမရှိသေးတဲ့ အူဒီးနီးစ်ရဲ့ပုံစံက အိမ်ကွင်းဖြစ်ပေမဲ့ သိပ်ပြီးယုံကြည်လို့မရသေးပါဘူး။ အင်တာမီလန်ကလည်း ပြီးခဲ့တဲ့ရာသီကလောက် အားကောင်းတဲ့ပုံစံကို မပြနိုင်သေးဘူး။ လော်တာရိုမာတီနက်ဇ်ပွဲထွက်လာရင်တော့ အင်တာမီလန်ရဲ့ တိုက်စစ်က ပိုအလုပ်ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် နောက်ဆုံး (၂)ပွဲဆက် နိုင်ပွဲပျောက်ထားလို့ အင်တာမီလန် (၃)မှတ် ရယူဖို့ ကြိုးစားလိမ့်မယ်။ အင်တာမီလန် အဝေးကွင်းနိုင်ပွဲစရမယ်။
ဂျီနိုအာ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၁၀:၃၀ နာရီ)
ဂျူဗင်တပ်စ်က ဒီပွဲပြီးရင် လိုက်ပ်ဇစ်ကွင်းမှာ ချန်ပီယံလိဂ်ပွဲကျပ်သွားကစားရမှာဖြစ်တာကြောင့် အဓိကကစားသမားတချို့ကို အနားပေးနိုင်ပါတယ်။ နည်းပြ မော့တာရဲ့အသင်းက နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး တိုက်စစ်ကလည်း ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဂျီနိုအာက အိမ်ကွင်းဆိုရင် ထိပ်သီးတွေကို ဒုက္ခပေးတတ်တဲ့အသင်းဖြစ်ပြီး အင်တာမီလန်၊ ရိုးမားတို့ကိုလည်း သရေကစားထားတယ်။ ဂျီနိုအာနဲ့ စွန့်စားသင့်တယ်။
ဘိုလော့ဂ်နာ - အတ္တလန်တာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၉ ရက် နံနက် ၁:၁၅ နာရီ)
ဘိုလော့ဂ်နာက နောက်ဆုံးကစားတဲ့ပွဲမှာ မွန်ဇာကို အနိုင်ယူပြီး ဒီရာသီရဲ့ စီးရီးအေနိုင်ပွဲကို စယူခဲ့တယ်။ နည်းပြသစ် အီတာလီယာနိုရဲ့လက်ထဲမှာ ဘိုလော့ဂ်နာအသင်း တဖြည်းဖြည်းအသားကျလာတာလည်း တွေ့ရတယ်။ အတ္တလန်တာက အသင်းကောင်းတစ်သင်းဖြစ်ပေမဲ့ နောက်ဆုံးကစားတဲ့ စီးရီးအေ (၂)ပွဲမှာ (၅)ဂိုးအထိပေးခဲ့ရတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီလောက် အင်တာမီလန်အသင်း အားမကောင်းတော့တာကိုလည်း တွေ့ရတယ်။ ဘိုလော့ဂ်နာကို ရွေးချယ်ချင်ပြီး (၂)သင်း ပေါင်း သွင်းဂိုးများနိုင်ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
