ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-ကလောလမ်းခွဲတွင် ကားတစ်စီးမှ ဆိုင်ကယ်တစ်စီးအား ဝင်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းသူ အမျိုးသား (၁)ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းမှ သိရသည်။
စက်တင်ဘာ (၂၈)ရက် ည (၈)နာရီ အချိန်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေဘေးကူညီကယ်ဆယ်ရေးမှ ပြန်လာသော နာရေးကူညီမှုအသင်း ရန်ကုန်နှင့် ပူးပေါင်း၍ ဖြစ်စဉ်ကို ကူညီခဲ့ကြောင်း သိရသည်။
“Lucky 7 ဆိုင်ရှေ့အနီးလမ်းမမှာ အမည်မသိရှိရသေးတဲ့ ကားနဲ့ ကလောမြို့မှာ နေထိုင်တဲ့ အမျိုးသား စီးလာတဲ့ ဆိုင်ကယ် တိုက်မိတာ။ ဆိုင်ကယ်ယာဉ်မောင်းကို ရေဘေးကူညီရေးက ပြန်လာတဲ့ ရန်ကုန် နာ/ကူအသင်းတို့နဲ့ ပူးပေါင်းပြီး ကူညီခဲ့တာပါ”ဟု ကူညီပေးခဲ့သည့် နာရေးကူညီမှုအသင်း အောင်ပန်းမှ ဆိုသည်။
ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ ဆိုင်ကယ်မောင်း အမျိုးသားအား မြေပြင် ဆေးကုသမှုပေးပြီး နာရေးကူညီမှုအသင်း ရန်ကုန်နှင့် ပူးပေါင်း၍ အောင်ပန်းမြို့ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး လူနာမှာ ထိခိုက်ဒဏ်ရာပြင်းထန်သဖြင့် ကလောမြို့ ဆေးရုံသို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
