သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ငန်းရှင်များအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၈ ရက်က နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည့် ရေဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ် အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စိုက်ပျိုးမြေများ၌လည်း သင့်လျော်သည့် သီးနှံများကို ပြန်လည်စိုက်ပျိုးနိုင်ရန်လိုအပ်သည်ဟု ဆိုသည်။
ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်အရင်းအနှီးများကို နိုင်ငံတော်မှ ဆောင်ရွက်ပေးနေသကဲ့သို့ လုပ်ငန်းရှင်များက တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံပါက ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ပြောကြားသည်။
အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း ထိုသို့ ဆောင်ရွက်ပေးနိုင်ရေး စဉ်းစားပေးကြရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။
ရေဘေးကြောင့် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းအထိ စာရင်းဇယားအရ စပါးစိုက်ဧက ၇ သိန်း ၈ သောင်းကျော် ထိခိုက်ပျက်စီးခဲ့ကာ တိရစ္ဆာန်ေ-သဆုံးမှုအနေဖြင့် ၁၇၆၂၄၆ ကောင် ရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
