မြန်မာကျပ် ငွေနှင့် ထိုင်းဘတ်ငွေ နှစ်မျိုးလုံးဖြင့် ဝယ်ရောင်း လုပ်ကြသော မြဝတီနယ်စပ် မြို့တွင် ဘတ်ငွေစျေး၊ဒေါ်လာစျေး လျော့ကျ လာသော်လည်း အခြေခံစားသောက်ကုန်များ၊လူသုံးကုန်ပစ္စည်းများ စျေးမြင့်နေဆဲဖြစ်ကြောင်း မြဝတီမြို့ ဒေသခံများထံမှသိရသည်။
မြဝတီ မြို့စားသုံးမှုစျေးကွက်ရပ်ဝန်းတွင် အသား၊ငါး၊ ဟင်းသီးဟင်းရွက်၊စားသောက်ကုန် အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ထိုင်းနိုင်ငံဘက်မှ ဘတ်ငွေဖြင့်ဝယ်ယူပြီး မြဝတီ စျေးကွက်တွင် ကျပ်ငွေဖြင့် ပြန်လည်ရောင်းချ ကြခြင်းဖြစ်သည်။
ယခုအခါ ထိုင်းဘတ်ငွေစျေးလျောကျလာပြီး ကျပ်တစ်သိန်းကို ဘတ်ရ၀၀ ဖြစ်လာသည့်တိုင် ယခင်မြန်မာငွေ ကျပ်ငွေတစ်သိန်းကို ဘတ်၅၀၀ ထိ ဘတ်စျေးမြင့်တက်ခဲ့စဉ်က ရောင်းချခဲ့သည့်စျေးနှုန်းအတိုင်း ရောင်းချနေ ကြကြောင်း မြဝတီမြို့မှ ဒေသခံတစ်ဦးကပြောသည်။
"ထိုင်းဘတ်စျေးတွေ မြင့်တက်ခဲ့စဉ် ဘတ် ၅ဝဝ ကိုမြန်မာကျပ်ငွေ တစ်သိန်းတုန်းက မုန်းဟင်းခါးတစ်ပွဲ အလွတ် ၂ဝဝဝ ကျပ်၊အကြော်နဲ့ ၂၅ဝဝ။ဘဲဥနဲ့ ၃၅ဝဝ၊အီကြာကွေးတစ်ချောင်း ၁ဝဝဝနံပြားတစ်ချပ် ၁ဝဝဝ။လက်ဘက်ရည်တစ်ခွက် ၂ဝဝဝ။ခရမ်သီးအရှည်မျိုးတစ်လုံး ၁ဝဝဝ။ခရမ်းချဉ်သီး၄ လုံး ၁ဝဝဝ။ဘဲဥတစ်လုံး ၉ဝဝကြက်ဥ ၆ဝဝ။ကျန််တာတွေကရေးမပြတော့ဘူး။အခု..ထိုင်းဘတ်စျေးက ၇၀၀ ဘတ်ကိုမြန်မာတစ်သိန်းဖြစ်သွားပြီ။စျေးနှုန်းတွေ ပြန်မကျတော့တာ ဘာဖြစ်လို့လဲဗျ။"ဟု မြဝတီ မြို့ ဒေသခံတစ်ဦးက ပြောသည်။
ထို့အတူ ပြည်တွင်းထွက် အခြေခံစားကုန်ဆန်၊ငရုတ်၊ကြက်သွန်၊အာလူး ၊ပဲမျိုးစုံတို့ မှာလည်း ဒေါနတောင်ကျော် ခရီးလမ်းကြောင့် ကုန်စျေးနှုန်းလျော့ကျလာခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်ဟုဆိုသည်။
မြဝတီ-ရန်ကုန်၊မြဝတီ-မော်လမြိုင်ခရီးသွားများမှာလည်းယခင်က ကျပ်သုံးသောင်းသာပေးခဲ့ရသော ခရီးအတွက် ယခုအခါ ၁၅ဝဝဝဝကျပ်၊၂၀၀၀၀၀ ကျပ်ထိ ပေးပြီးသွားလာ နေရပြီး ယခင်ကနေ့ချင်းရောက်ခဲ့သော်လည်း ယခုအခါ လမ်းတွင် တစ်ညမှသုံးညအိပ်ထိ ကြာနေကြောင်း ခရီးသွားများထံမှ သိရသည်။
မြဝတီ-ကော့ကရိတ် တောင်ကျော်လမ်းဟောင်း၊၁၀၁၈ လမ်း၊ထို့ကော်ကိုးလမ်း၊ကြက်ဥတောင်လမ်းတို့မှသွားလာနေကြရသော်လည်း ခရီးလမ်းကြမ်းတမ်းခြင်းကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေး ကြန့်ကြာနေခြင်း ၊ဂိတ်ကြေးများ အလွန်အမင်း များပြားခြင်းတို့ကြောင့် ကုန်စျေးနှုန်းများ ဆက်လက်မြင့်တက်နေခြင်း ဖြစ်သည်ဟုသိရသည်။။
-------------
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
