ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်သွားပို့သည့် ဖခင်နှင့် လေးနှစ်အရွယ် သမီးငယ်တို့အား PDF များက ပစ်ခတ် သတ်ဖြတ်ခဲ့ကြကြောင်း နစက မှ ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာမှ အမျိုးသား တစ်ဦးသည် စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ၎င်း၏ အသက် ၄ နှစ်အရွယ် သမီးဖြစ်သူနှင့်အတူ တောရဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်သွားရောက်ပို့ဆောင်စဉ် PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ သားအဖ နှစ်ဦးစလုံး လက်နက်ငယ် ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခဲ့သော PDF များအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းနှင့် လိုအပ်သော လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
