Top News

အသင်း၏ တိုက်စစ်အတွဲသစ်ဖြစ်သည့် ဆော်လော့သ်နှင့် အယ်လ်ဗာရက်ဇ်တို့၏ ခြေစွမ်းအပေါ် အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ထောက်ခံ
24htopnews | September 29, 2024 2:12 PM CST

 

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အသင်းတိုက်စစ်အတွဲသစ် ဖြစ်သည့် ဆော်လော့သ်နှင့် အယ်လ်ဗာရက်ဇ်တို့ ခြေစွမ်းပြနိုင်လိမ့်မည်ဟု ထောက်ခံပြောကြားခဲ့သည်။ 

အက်သလက်တီကိုအသင်းသည် ယခုနွေတွင် အယ်လ်ဗာရက်ဇ်ကို Add-ons ကြေး အပါအဝင် ယူရို (၉၅)သန်း၊ ဆော်လော့သ်ကို ယူရို (၃၂)သန်းဖြင့် ခေါ်ယူခဲ့သည်။ 

သို့သော် ဆော်လော့သ်နှင့် အယ်လ်ဗာရက်ဇ်တို့သည် အက်သလက်တီကိုအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ဆယ်လ်တာဗီဂို နှင့်ပွဲမတိုင်မီအထိ ပြိုင်ပွဲစုံ (၇)ပွဲစီ ကစားထားရာတွင် တစ်ယောက် (၁)ဂိုးစီသာ သွင်းယူထားနိုင်သေးသည်။ ထို့ကြောင့် ၎င်းင်းတို့နှစ်ဦးမှာ ဝေဖန်မှုများ နှင့် ရင်ဆိုင်နေရသည်။ 

သို့သော် ဆီမြွန်နီက ဆော်လော့သ်နှင့် အယ်လ်ဗာရက်ဇ်တို့၏ စွမ်းဆောင်ရည်နှင့် ခြေစွမ်းအပေါ်သံသယမရှိကြောင်း နှင့် ၎င်းတို့ခြေစွမ်းပြနိုင်လိမ့်မည်ဖြစ်ကြောင်း ထောက်ခံပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဆီမြွန်နီက "သူူတို့ရဲဲ့စွမ်းရည်အပေါ် ကျွန်တော် သံသယမရှိပါဘူး။ သူတို့ကို အချိန်တစ်ခုတော့ ပေးဖို့လိုပါတယ်။ (၂) ယောက်စလုံးက အသစ်တွေဆိုတော့ အသားကျဖို့ လိုပါတယ်။ သူတို့ဂိုးတွေ သွင်းမှာပါ"ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK