ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဂျူနီယာအား လူမျိုးရေးခွဲခြားလှောင်ပြောင်မှု ပြုလုပ်ခဲ့သည့် မာယော့ကာအသင်းပရိသတ်တစ်ဦးကို စပိန်တရားရုံးက ဆိုင်းငံ့ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် မာယော့ကာအသင်း၏ကွင်း၌ ယှဉ်ပြိုင်ကစားစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရသူသည် ယင်းပွဲတွင် ဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားလှောင်ပြောင်ခဲ့သလို နှစ်ပတ်အကြာ ဗီလာရီးယဲလ် အသင်းနှင့်ကစားသည့်ပွဲတွင်လည်း နိုင်ဂျီးရီးယားတောင်ပံကစားသမား ချူဝူဇီကို အလားတူထပ်မံကျူးလွန်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မာယော့ကာတရားရုံးက ၎င်းအား ဆိုင်းငံ့ထောင်ဒဏ်တစ်နှစ်အပြင် စပိန်နိုင်ငံရှိ ဘောလုံးကွင်းများ၌ ကြည့်ရှုခွင့် သုံးနှစ်ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ ပြင် ရီးယဲလ်အသင်းကွင်းလယ်လူ ချူယာမန်နီ ကို လူမျိုးရေးခွဲခြားခဲ့သည့် အရွယ်မရောက်သေးသူ မာယော့ကာအသင်းပရိသတ်တစ်ဦးမှာလည်း ဘောလုံးကွင်းများ၌ ကြည့်ရှုခွင့် တစ်နှစ်ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။
"ရီးယဲလ်မက်ဒရစ်အနေဖြင့် အသင်း၏ တန်ဖိုးများကို ကာကွယ်ရန်၊ ဘောလုံးနှင့် အားကစားလောကတွင် လူမျိုးရေးခွဲခြားသည့် အပြုအမူမှန်သမျှကို ဖယ်ရှားပစ်ရန် ဆက်လက်လုပ်ဆောင်သွားပါမည်" ဟု ရီးယဲလ် အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဗင်နီစီယပ်စ်သည် လာလီဂါပြိုင်ဘက် ပရိသတ်များ၏ ပစ်မှတ်ထားတိုက်ခိုက်မှုခံနေရပြီး ဇွန်လတွင်လည်း ၎င်းအား လူမျိုးရေးခွဲ ခြားသည့် ဗလင်စီယာပရိသတ်သုံးဦး ဆိုင်းငံ့ထောင်ဒဏ်ရှစ်လ ချမှတ်ခံခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
