Top News

ကာလရှည်အနားယူရမည့် ရိုဒရီ၏နေရာတွင် အစားထိုးရန်အတွက် လီဗာပူးလ်ပစ်မှတ် ဇူဘီမန်ဒီအား ခေါ်ယူရန် မန်စီးတီးအသင်း စဉ်းစားနေ
24htopnews | September 29, 2024 3:12 PM CST

 

မန်စီးတီးအသင်းသည် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရမည့် ရိုဒရီ၏နေရာတွင် အစားထိုးရန်အတွက် လီဗာပူးလ်ပစ်မှတ် ဆိုစီဒက်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီအား ခေါ်ယူရန် စဉ်းစားနေကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် ဇူဘီမန်ဒီအား အဓိကပစ်မှတ်အဖြစ် ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ကစားသမားဘက်က ကတိပေးပြီးမှ နောက်ဆုံးတွင် စိတ်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ မန်စီးတီးအသင်းသည် ယခုရာသီကုန်အထိ အနားယူရဖွယ် ရှိနေသည့် ရိုဒရီ၏နေရာတွင် အစားထိုးရန်အတွက် ဇူဘီမန်ဒီ အား ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း သိရသည်။ 

မန်စီးတီးအသင်းသည် ဇူဘီမန်ဒီအား လာမည့်ဇန်နဝါရီတွင် ကမ်းလှမ်းဖွယ်ရှိကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 


READ NEXT
Cancel OK