ဒီပွဲစဉ်ဟာ လက်ရှိချန်ပီယံလည်းဖြစ်၊ ချန်ပီယံဆုအတွက်ရေပန်းအစားဆုံးအသင်းလည်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်ထက်၊ ချန်ပီယံကြိုးဝိုင်းထဲကို ဝင်ဖို့ကြိုးစားနေတဲ့ အက်သလက်တီကိုရဲ့ အရည်အသွေးကိုဆန်းစစ်ပေးမယ့်ပွဲလည်းဖြစ်ပါတယ်။ လာလီဂါချန်ပီယံတိုက်ပွဲမှာ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကို ပခုံးချင်းယှဉ်ဖို့ဆိုတာက စပိန်ကလပ်အသင်းတိုင်းအတွက် ခက်ခဲကြမ်းတမ်းလွန်းတဲ့ မျှော်လင့်ချက်ဆိုပေမယ့် အက်သလက်တီကိုကတော့ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း ဒီဘီလူး (၂)သင်းကိုကျော်ဖြတ်ပြီး ချန်ပီယံဆုကို (၂)ကြိမ်တိတိကိုင်မြှောက်ပြနိုင်ခဲ့တဲ့ အစဉ်အလာကြောင့် ချန်ပီယံပြေးလမ်းမှာ တတိယဦးစားပေးအဖြစ် အမြဲလိုလိုရပ်တည်နိုင်ခဲ့တာပါ။ ဆီမြွန်နီလက်ထက် (၁၃)နှစ်ကျော်အတွင်းမှာ အက်သလက်တီကိုအသင်းဟာ လာလီဂါရဲ့သာမန်အဆင့်အသင်းတစ်သင်းကနေ ဥရောပရဲ့ထိပ်တန်းအဆင့်အသင်းတစ်သင်းအဖြစ် ပုံရိပ်ပြောင်းလဲနိုင်ခဲ့ပြီး ဒီပြောင်းလဲတွေမှုကပဲ အက်သလက်တီကိုအပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကိုကြီးမားစေခဲ့တာပါ။ ဒါကြောင့် အပြောင်းအလဲများစွာ ပြုလုပ်ထားတဲ့ ဒီရာသီမှာလည်း အက်သလက်တီကိုအပေါ် မျှော်လင့်ချက်ထားခဲ့ကြတာဖြစ်ပြီး မက်ဒရစ်ဒါဘီစွမ်းဆောင်ရည်မှတ်တမ်းနဲ့ ပွဲရလဒ်က မျှော်လင့်ချက်တွေနဲ့ ထိုက်တန်မှုရှိ၊ မရှိဆုံးဖြတ်ပေးမှာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
