အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ ဒီယာလိုဟာ မန်ယူနိုက်တက်အသင်းရဲ့ ကာလရှည် စောင့်ကြည့်ခြင်းကိုခံခဲ့ရသူဖြစ်ပြီး၊ ယူ-၁၅ အဆင့် ပြိုင်ပွဲတွေမှာ အတ္တလန်တာအသင်းအတွက် ကစားခဲ့ချိန်ကတည်းက ယူနိုက်တက်ကင်းထောက်တွေရဲ့ စောင့်ကြည့်ခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။ ယူနိုက်တက် ကင်းထောက်တွေက သူ့ကို ၂ နှစ်ကြာ စောင့်ကြည့်ခဲ့ပြီး ၂၀၁၉ အောက်တိုဘာတုန်းက အတ္တလန်တာအသင်းကြီးအတွက် ပထမဆုံး ကစားခဲ့တဲ့ပွဲမှာလည်း ကွင်းထဲမှာ သွားရောက်စောင့်ကြည့်ခဲ့ပါတယ်။ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီ အင်အားဖြည့်တင်းရေးအဖွဲ့ခေါင်းဆောင်ဟာ ယူနိုက်တက်ရဲ့ကင်း ထောက်ချုပ်ကို ဒီယာလိုအတွက် စဉ်ဆက်မပြတ် ရီပို့ တင်ပေးခဲ့ရပြီးနောက် နောက်ဆုံးမှာ ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်တွေတုန်းက ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်တဲ့ ဆိုးလ်ရှားက ဒီယာလိုကို ခေါ်ယူနိုင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး "ဒီအားကစားနည်းရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးကို ကျွန်တော်တို့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်"လို့ ဆိုခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
