၂၀၂၀ နိုဝင်ဘာ ၈ ရက်တွင် BioNTech နှင့် Pfizer က ၎င်းင်းတို့၏ COVID-19 ကာကွယ်ဆေးစမ်းသပ်မှု အဆင့် (၃) ရလဒ်ကို ထုတ်ပြန်ကြေညာခဲ့ကြသည်။ စမ်းသပ်မှုရလဒ်အရ ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ကိုကာကွယ်ရာတွင် ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိ........
ဂျာမန်သိပ္ပံပညာရှင်များဖြစ်ကြသည့် အော်ဇလန်တူရေစီနှင့် ခင်ပွန်းဖြစ်သူ အူဂွာရှာဟင်တို့သည် ဆေးကုမ္ပဏီ BioNTech ကို တည်ထောင်သူများဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအရှိန် မြင့်တက်ခဲ့သည့် ၂၀၂၀ ဇန်နဝါရီ ၂၄ ရက်တွင် တူရေစီနှင့်ရှာဟင်တို့က COVID-19 ကာကွယ်ဆေးတီထွင်ဖော်စပ်မှုလုပ်ငန်းကို စတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
BioNTech တည်ထောင်သူ ဇနီးမောင်နှံနှစ်ဦး၏ ဆုံးဖြတ်ချက်က Operation Lightspeed အမည်ရှိ မစ်ရှင်တစ်ရပ်ကို စတင်စေခဲ့ပြီး ထိုမစ်ရှင်အတွင်း BioNTech ကုမ္ပဏီမှ သိပ္ပံပညာရှင်များသည် ၎င်းတို့ တွေ့ရှိထားခဲ့သည့် မှီငြမ်းစရာအချက်အလက်များအားလုံးကို ကင်ဆာရောဂါကုထုံး သုတေသနလုပ်ငန်းတွင် အသုံးချနေကြရာမှ COVID-19 ကာကွယ်ဆေးဖော်စပ်ရေး လုပ်ငန်းတွင် လွှဲပြောင်းအသုံးချခဲ့ကြသည်။
“ဝူဟန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေတဲ့အကြောင်း ထုတ်ပြန်ကြေညာချက်တွေကနေ ရှာဟင်သုံးသပ်ခဲ့တာကတော့ ဒီကူးစက်မှုအခြေအနေက ကပ်ရောဂါတစ်ခုဖြစ်လုနီး ဖြစ်နေပြီဆိုတာပါပဲ။ Operation Lightspeed စတင်ခဲ့တဲ့ရက်ကစပြီးတော့ ကျွန်မတို့တွေ အဲ့ဒီ့လုပ်ငန်းစဉ်နဲ့ သက်ဆိုင်တဲ့အလုပ်တာဝန်တွေကို တစ်ရက်ကလေးတောင် ပျက်ကွက်ခဲ့တာမျိုး မရှိခဲ့ပါဘူး” ဟု တူရေစီကပြောကြားခဲ့သည်။
Operation Lightspeed စတင်ပြီး လေးရက်အကြာ ဇန်နဝါရီ ၂၈ ရက်တွင် ဂျာမနီနိုင်ငံ၌ COVID-19 အတည်ပြုလူနာတစ်ဦးကို ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိခဲ့သည်။
ထိရောက်မှုရှိသည့် COVID-19 ကာကွယ်ဆေးဖော်စပ်နည်းဆေးညွှန်းကို Mittelstand နှင့် အခြားဆေးကုမ္ပဏီများ အပြိုင်အဆိုင်ရှာဖွေဖော်ထုတ်နေကြစဉ် ဂျာမနီစီးပွားရေး၏အဓိကကျောရိုးဖြစ်သော BioNTech (ခေါ်) အလတ်စားစီးပွားရေးကုမ္ပဏီများနှင့် အခြားသောကုန်ထုတ်လုပ်ရေးကုမ္ပဏီ၊ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများသည်လည်း COVID-19 ကာကွယ်ဆေးထုတ်လုပ်၊ ဖြန့်ချိရေုးလုပ်ငန်းတွင် အရေးပါကြသည်ကို နောက်ပိုင်းတွင် သိရှိလာကြရမည်ဖြစ်သည်။
ဆေးပုလင်းထုတ်လုပ်မှု စွမ်းအား
ဂျာမနီနိုင်ငံ မိုင်းစ်မြို့တွင်တည်ရှိသော COVID-19 ရုံးချုပ်မှ မိုင်အနည်းငယ်ခန့်အကွာတွင် ဖန်ပုလင်းများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံရှိသည်။ ကုမ္ပဏီသက်တမ်း နှစ် ၁၃၀ ရှိနေပြီဖြစ်သော Schott ကုမ္ပဏီသည် ကာကွယ်ဆေးရည်ထည့်သည့် ဖန်ပုလင်းငယ်များ ထုတ်လုပ်ရာတွင် ထုတ်လုပ်မှုစွမ်းအား မြင့်မားခြင်းကြောင့် ဆေးဝါးထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေသည်။
ကမ္ဘာတစ်ဝန်းလုံးတွင် ဆောင်ရွက်လာနိုင်မည်ဖြစ်သော COVID-19 ကာကွယ် ဆေးထိုးနှံမှုအစီအစဉ် ၁၀၀ ကျော်၏ လေးပုံသုံးပုံခန့်တွင် အသုံးပြုမည့် COVID-19 ကာကွယ်ဆေး ပုလင်းငယ်များသည် Schott မှ ထုတ်သော ဖန်ပုလင်းငယ်များ ဖြစ်လာနိုင်ဖွယ်ရှိသည်။ ၂၀၂၁ နှစ်ကုန်မတိုင်မီ COVID-19 ကာကွယ်ဆေးပုလင်း နှစ်ဘီလျံအထိ ထုတ်လုပ်နိုင်ရန် ကုမ္ပဏီ Schott က ရည်မှန်းထားသည်။
ကုန်ပစ္စည်းတင်ပို့မှု စွမ်းအား
ရောဂါပိုးကူးစက်ပျံ့နှံ့နေသည့် ကာလအတွင်း ခရီးသည်တင်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို ရပ်ဆိုင်းထားသည့်အတွက် နွေဦးရာသီတွင် ဂျာမနီရှိ Frankfurt လေဆိပ်အတွင်း တိတ်ဆိတ်လျက်ရှိသည်။ သို့သော် လေဆိပ်ရှိကုန်ပစ္စည်းတင်ပို့ ရာနေရာတွင် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာ အရေးပေါ်လိုအပ်သော ခွဲစိတ်ခန်းသုံးဝတ်ရုံများနှင့် နှာခေါင်းစည်းမျာထည့်ထားသည့် ကုန်သေတ္တာသောင်းနှင့်ချီကို Frankfurt လေဆိပ်မှတစ်ဆင့် သယ်ယူပို့ဆောင်နေခြင်းဖြစ်သည်။
COVID-19 ကာကွယ်ဆေးကို မည်သည့်ဆေးကုမ္ပဏီက ဖော်စပ်နိုင်မည်၊ မည်သည့်အချိန်တွင် ကာကွယ်ဆေးအသင့်ရရှိနိုင်မည် ဆိုသည်ကို မည်သူမျှ မသိသေးသည့် အချိန်တွင် Frankfurt လေဆိပ်သည် ဆေးဝါးပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် ဥရောပ၏အချက်အချာအကျဆုံးနေရာ ဖြစ်နေခဲ့ပြီးဖြစ်ကာ အသက်ကယ်ကာကွယ်ဆေး အလုံးရေသန်းနှင့်ချီကို တစ်ကမ္ဘာလုံးအနှံ့ သယ်ယူပို့ဆောင်ပေးခြင်းနှင့် သက်ဆိုင်သော ထောက်ပံ့ပို့ဆောင်ရေးစိန်ခေါ်မှုကြီးကို စတင်ရင်ဆိုင်ရန် ပြင်ဆင်ထားပြီးလည်း ဖြစ်သည်။
Frankfurt လေဆိပ်တွင်ရှိသော အပူချိန်ထိန်းပေးသည့် လေယာဉ်သိုလှောင်ရုံသည် ၂၀၁၉ ခုနှစ်တွင် ကာကွယ်ဆေး၊ ဆေးဝါးနှင့် အခြားဆေးဝါးပစ္စည်းများ တန်ချိန် ၁၂၀၀၀၀ ကို သိမ်းဆည်းသိုလှောင်ပေးနိုင်လောက်သည်အထိ ခေတ်မီတိုးတက်နေပြီဖြစ်သည်။
အအေးခန်းကုန်သေတ္တာများ ဝယ်ယူမှုကို Frankfurt လေဆိပ်က ကြိုတင်ဆောင်ရွက်ထားပြီး နည်းပညာမြင့် အအေးထိန်း ကုန်တွဲယာဉ်များ ထုတ်လုပ်ရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ လေဆိပ်ရှိ ကုန်ပစ္စည်းသိုလှောင်ရုံမှ ကုန်ပစ္စည်းများကို လေယာဉ်များဆီသို့ သယ်ယူပို့ဆောင်ရာတွင် အအေးထိန်းကုန်တွဲယာဉ်များကို အသုံးပြုသည်။
Frankfurt လေဆိပ်တွင် နည်းပညာမြင့် အအေးထိန်းကုန်တွဲယာဉ် အစီး ၂၀ ရှိခြင်းကြောင့် ကုန်ပစ္စည်းအများအပြားကို တစ်ချိန်တည်းသယ်ယူပို့ဆောင်ပေးနိုင်သည်။
အအေးဓာတ်မြင့်မားမှုက အဓိက
၂၀၂၀ နိုဝင်ဘာ ၁၈ ရက်တွင် BioNTech နှင့် Pfizer က ၎င်းင်းတို့၏ COVID-19 ကာကွယ်ဆေးစမ်းသပ်မှု အဆင့် (၃) ရလဒ်ကို ထုတ်ပြန်ကြေညာခဲ့ကြသည်။ စမ်းသပ်မှုရလဒ်အရ ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရာတွင် ၉၅ ရာခိုင်နှုန်းထိ ရောက်မှုရှိကြောင်း သိရသည်။ ဒီဇင်ဘာ ၂ ရက်တွင် Pfizer-BioNTech ၏ ကာကွယ်ဆေးကို ဗြိတိန်က နိုင်ငံအတွင်း အသုံးပြုခွင့်ပေးခဲ့ပြီး ယင်းနောက် အမေရိကန်၊ ဆော်ဒီအာရေဗျ၊ စင်ကာပူတို့က အသုံးပြုခွင့်ပေးခဲ့ကြသည်။ ဥရောပကော်မရှင်ကလည်း Pfizer-BioNTech ၏ COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ရန် ပြင်ဆင်ခဲ့သည်။
BioNTech နှင့် Pfizer တို့ပူးပေါင်းထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို အနုတ် ၇၀ ဒီဂရီဆဲလ်စီယက်စ် (အနုတ် ၉၄ ဒီဂရီဖာရင်ဟိုက်) တွင် သိမ်းဆည်းသိုလှောင်ရန် လိုအပ်ခြင်းကြောင့် အအေးခန်းထောက်ပံ့မှုကွင်းဆက်ကို ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်မှုသည် အဓိကလုပ်ငန်း တစ်ရပ်ဖြစ်လာခဲ့သည်။
တု့တလင်ဂန်မြို့တွင် တည်ရှိသော Binder စက်ရုံတွင် အအေးဓာတ် သာမန်ထက်လွန်ကဲသည့် အအေးခံသေတ္တာများရှိပြီး BioNTech နှင့် CureVac ဆေးကုမ္ပဏီတို့၏ လက်တွေ့စမ်းသပ်မှု သုတေသနလုပ်ငန်းများတွင် အသုံးပြုခဲ့သော ကိုရိုနာဗိုင်း ရပ်စ်ပိုးများကို အအေးပေးရန်အတွက် မတ်လကတည်းက ထိုအအေးခံသေတ္တာများကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
Vac-Q-Tec ကုမ္ပဏီကလည်း အလွယ်တကူသယ်ဆောင်နိုင်သည့် အအေးခံသေတ္တာငယ်များကို တီထွင်ခဲ့ကာ ဆီလီကာဒြပ်မှုန်နည်းပညာကို အသုံးပြုတီထွင်ထားသော ထိုသေတ္တာငယ်များသည် သာမန်ရေခဲသေတ္တာအပူချိန်အဆင့်မှ အလွန်အမင်းအေးသော အဆင့်အထိ အဆင့်ဆင့်ချိန်ညှိနိုင်ပြီး အအေးခံသေတ္တာများသည် လျှပ်စစ်ဓာတ်အား တစ်ခါသွင်းပြီးပါက ၁၀ ရက် အထိ အအေးထိန်းနိုင်ကြောင်း Vac-Q-Tec ကုမ္ပဏီ၏ အလုပ်အမှုဆောင်လျိုအာဟင်းခွန်က ဆိုသည်။
ထိရောက်မှုရှိသော ကာကွယ်ဆေး၊ ဆေးပုလင်းထုတ်လုပ်မှုစွမ်းအား၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုစွမ်းအား၊ နည်းပညာမြင့် အအေးခန်းသိုလှောင်ရုံများနှင့် အအေးခံသေတ္တာများအဆင်သင့်ရှိမှု၊ ထောက်ပံ့ပို့ ဆောင်ရေးအားကောင်းမှုတို့ကြောင့် Pfizer-BioNTech သည် COVID-19 ကာကွယ်ဆေးပြိုင်ပွဲတွင် အောင်မြင်မှုသရဖူဆောင်း နိုင်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
