Top News

ပုဂ္ဂိုလ်ရေးကျော်ကြားမှုအပေါ် မူတည်ပြီး ဥပဒေကို လိုသလိုဆုံးဖြတ်၍ရပါသလား
24htopnews | September 29, 2024 4:12 PM CST

“ ဥပဒေကတော့ တစ်မျိုးတည်းပဲရှိရမှာပေါ့။ အမှန်ဆိုတော့ တစ်ပြေးညီဖြစ်ရမှာပါ။ ဘယ်သူပဲဖြစ်ဖြစ်ပါ တရားဝင် ဖွင့်ခွင့်မပေးဘဲနဲ့ ဖွင့်တယ်ဆိုရင်တော့ ထိထိရောက်ရောက်ကို အရေးယူဖို့သင့်တယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး။ ထုတ်ထားတဲ့ ဥပဒေပေါ်မှာ လူတိုင်းဆီက မြန်မာပြည်မှာနေထိုင်တဲ့ အားလုံးက နားထောင်ရမှာပါ။ ဘယ်သူမို့လို့ ပုဒ်မကို ခွဲထားတယ် ဒီလူမို့လို့ ဒါမျိုးမဖြစ်ဘူးဆိုတာ ဥပဒေအထက်မှာ ရှိနေကြလို့သာ ဥပဒေတွေက မညီမျှတာ။ ဒါကြောင့်မို့ လူတွေက ဘယ်လို ဖြစ်လာလဲဆိုရင် လူတွေအပေါ်မှာ မူတည်ပြီး ဥပဒေအပြောင်းအလဲဖြစ် လာတယ်။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုတွေက နည်းပါးလာတယ်။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုတွေ နည်းပါးလာကြတယ်။ ဥပဒေအပေါ်မှာ ယုံကြည်သက်ဝင်မှုတွေ နည်းပါးလာကြတယ် . . . 

 


READ NEXT
Cancel OK