ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်-တာချီလိတ်သွားလမ်းပိုင်းရှိ ဆိုက်ခေါင်တံတားကို စက်တင်ဘာ (၂၇)ရက်မှစတင်၍ ယာယီသံဘေလီတံတားအစားထိုး တည်ဆောက်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
အဆိုပါ ဆိုက်ခေါင်တံတားမှာ စက်တင်ဘာ(၁၀)ရက် ညနေပိုင်းအချိန်က တောင်ကျချောင်းရေကြောင့် ရေလယ်တိုင်မှ ကျိုးကျပျက်စီးခဲ့ရသည့်အတွက် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ရသည့်အတွက် ယာယီသံဘေလီတံတားတည်ဆောက်ပေးနေခြင်းဖြစ်သည်။
“မိုင်းဆတ်မြို့ဆိုက်ခေါင်ယာယီတံတားဘလုပ်နေပါပြီ။ ဒီရက်ပိုင်းမိုးမရွာရင် မြန်မြန်ပြီးမှာပါ။ မုန်တိုင်းသတင်းကလည်းရှိနေသေးတော့ အမြန်ဆုံးတည်ဆောက်နေတာတွေ့ရပါတယ်။ တံတားရဲ့လိုအပ်တဲ့ပစ္စည်းတွေလည်း တာချီလိတ်မှာအသင့်ရှိနေပါတယ်။ ဘယ်ရက်ပြီးမယ်ဆိုတာနဲ့ ဖြတ်သန်းခွင့်ပြုမယ်ဆိုတာတော့ မသိရသေးပါဘူး”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဒေသခံများအနေဖြင့် ကိုယ်ထူကိုယ်ထလုပ်ထားသည့် ဖောင်ဖြင့် တံတားတစ်ဘက်တစ်ချက်သို့ ကြိုးဖြင့်ဆွဲကာ ဖြတ်သန်းသွားလာနေရကြောင်းဆိုသည်။
ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ(၉)ရက်မှ စတင်၍ မယ်ဆွမ်ချောင်းရေ မြင့်တက်သည့်အတွက် ချောင်းအနီးရှိ ဒေသခံများ၏ လယ်ယာများ ရေဝင်ကာ ပျက်စီးရှုံးဆုံးမှုများလည်း ရှိခဲ့သည်။
တာချီလိတ်မြို့တွင် စက်တင်ဘာ(၂၈)ရက် ညနေ(၆)နာရီ အချိန်က မယ်ဆိုင်ချောင်း(ပုန်းထွန်)ရေထပ်မံ မြင့်တက်လာပြီး ရပ်ကွက်အချို့နှင့်လမ်းများပေါ်တွင် ရေကြီးရေလျှံမှုအနည်းငယ် ပြန်လည်ဖြစ်ပွားနေသည်ကြောင်း သိရသည်။
ဓာတ်ပုံ-CJ



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
