ကိုဗစ်ကာလပြီး ဆုံးလို့ (သို့မဟုတ်) ကိုဗစ်ကာလအတွင်း ကျောင်းပြန်ဖွင့်မယ်ဆိုရင် ကျောင်းသားတွေ ကျောင်းကို ပြန်ရောက်ဖို့က မလွယ်ဘူး။ ကျွန်တော့် အထင်တော့ မူလတန်း ၁၀ ရာခိုင်နှုန်း၊ အလယ်တန်း ၂၀ ရာခိုင်နှုန်း၊ အထက်တန်း ၂၅ ရာခိုင်နှုန်းလောက် Drop out ဖြစ်သွားမယ်ထင်တယ်။ ခုဆိုရင် ကလေးတွေက စက်ရုံ၊ အလုပ်ရုံတွေ သွားကုန်ကြပြီ။ အပြင်စိတ်များသွားတဲ့ သာမန်ဉာဏ်ရည်မျိုးသာရှိကြတဲ့ ကလေးတွေ၊ ပိုက်ဆံရမှန်းသိသွားတဲ့ ကလေးတွေ၊ မိဘစီးပွားရေးအဆင်မပြေတဲ့ ကလေးတွေ အများကြီး ရှိနေပါတယ်။ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ကူရှာပေးနေတဲ့ ကလေးကို ကျောင်းပြန်ထားဖို့ဆိုတာ ပညာရေးကို အလေးပေးတဲ့ မိဘတွေမှ ဖြစ်နိုင်မှာပါ။ အချို့စီးပွားရေးပြေလည်တဲ့ မိဘတွေ၊ ပညာရေးကို စိတ်ပါဝင်စားတဲ့ မိဘတွေကတော့ ခုတောင် ကျူရှင်တွေ ပြန်တက်နေကြပြီ။ ပညာရေးမှာ တစ်နှစ်ပတ်လုံးမှ ဗလာတစ်ဒါဇင်နဲ့ ပုံနှိပ်တစ်စုံပဲ ထောက်ပံ့တာ။ ကျောင်းထောက်ပံ့ကြေးက ချို့တဲ့ကြတဲ့ ကလေးတိုင်း ရတာမဟုတ်ဘူးလေ။ ဒီတော့ ကလေးတွေ ကျောင်းပြန်တက်ဖို့ဆိုတာက ဆရာဆရာမတွေချည်း မလုပ်နိုင်ဘူး။ မိဘတွေလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်။ အစိုးရကလည်း ပြတ်ပြတ်သားသား ကိုင်တွယ်ပေးဖို့လိုတယ် . . . .
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
