ယခုနှစ် ဆားရာသီအတွက် ဆားကြမ်းထုတ်လုပ်ရေးလုင်ငန်းများ၌ အလုပ်သမားရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဆားတောင်သူများ၏ ပြောကြားချက်များအရ သိရသည်။
ပုံမှန်အားဖြင့် စက်တင်ဘာလအတွင်း ဆားကြမ်းထုတ်လုပ်နိုင်ရန်အတွက် ဆားကွင်းများပြုပြင်ခြင်းများ လုပ်ဆောင်နေရပြီးဖြစ်သော်လည်း မိုးဆက်လက်ရွာသွန်းနေမှုများကြောင့် ဆားကွင်းပြုပြင်သည့်လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “မိုးကမပြတ်သေးတော့ ဆားကွင်းတွေထဲ မဆင်းနိုင်ကြသေးဘူး။ အဲ့ဒီအပြင်ကို ဒီနှစ်အတွက်အလုပ်သမား ရှာမရကြဘူး။ ဆားတောင်သူအတော်များများလည်း အလုပ်သမားတွေကို ရှာနေကြတုန်းပါဘဲ” ဟု ပြောကြားသည်။
နေလှမ်းဆားကြမ်းထုတ်လုပ်နိုင်ရန်အတွင် ဆားကွင်းအား ကန်သင်းရိုးပြုပြင်ခြင်း၊ ရေဝင်ရေထွက်လမ်းကြောင်းများပြုပြင်ခြင်းစသည့်အလုပ်များနှင့် ဆားထမ်းသည့်အလုပ်အတွက် အမျိုးသားအလုပ်သမားများလိုအပ်ပြီး၊ အမျိုးသမီးအလုပ်သမားများအနေဖြင့် ဆားကွင်းများညီညာစေရန် ဒလိမ့်လှိမ့်ခြင်း၊ ဆားတောင်းရွက်ခြင်းစသည့်အလုပ်များ လုပ်ဆောင်ကြရကြောင်း ၎င်းတောင်သူက ဆိုသည်။
ယမန်နှစ် ဆားကြမ်းထုတ်လုပ်သည့် လုပ်ငန်းများအတွက် နေ့စားအလုပ်သမားတစ်ဦးလျှင် အမျိုးသား (၈၀၀၀) ကျပ်၊ အမျိုးသမီး (၆၀၀၀) ကျပ်နှုန်းရှိခဲ့ပြီး ယခုဆားရာသီတွင်အလုပ်သမားခများ တိုးမြှင့်ပေးရမည့်အခြေအနေမျိုးဖြစ်နေကြောင်းလည်း ဆားတောင်သူများက ဆိုကြသည်။
“ဆားကွင်းတွေမှာက အလုပ်သမားခအနေနဲ့က ယောက်ျားဆိုရင် (၈၀၀၀) ကျပ်၊ အမျိုးသမီးဆိုရင်တော့ (၆၀၀၀) ကျပ်မျိုး နေ့စားခအနေနဲ့ ရှင်းပါတယ်။ ဒီနှစ်ကတိုးပေးရမယ့်အခြေအနေမျိုးရှိပေမယ့် ဆားကြမ်းဈေးနှုန်းတွေကိုလည်း မကောင်းတော့ အကုန်ရွာလည်နေကြတယ်” ဟု သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောကြားသည်။
ထို့အပြင် စက်သုံးဆီ ဈေးနှုန်းကြီးမြင့်နေမှုကြောင့်လည်း ဆားကြမ်းထုတ်လုပ်မ ှုကုန်ကျစရိတ်မြင့်တက်လာနိုင်ကြောင်းလည်း ၎င်းဆားတောင်သူ ဆက်လက်ပြောကြးသည်။
မွန်ပြည်နယ်အတွင်း နေလှမ်းဆားထုတ်လုပ်မှုလုပ်ငန်းများအား မိုးရာသီအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်လုပ်ကိုင်ကြပြီး၊ ဒီဇင်ဘာလ နှင့် ဇန်နဝါရီများတွင် ဆားကြမ်းစတင် ထုတ်လုပ်ကြလေ့ရှိကြောင်း ဆားတောင်သူများထံမှ သိရသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ဆားကွင်းဧကပေါင်း (၂၉၀၀) ခန့်ရှိပြီး၊ ရာသီဥတု မဖျက်ပါက ပုံမှန်အားဖြင့် ဆားပိဿာချိန် သိန်း (၃၀၀) ခန့်ထွက်ရှိကြောင်း၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ပငကျေးရွာအပြင် ကျိုက္ခမီ၊ စက်စဲ နှင့် ဝဲကလောင်းကျေးရွာတို့တွင်လည်း ဆားလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း၊ ထို့အပြင် ရေးမြို့နယ် နှင့် ပေါင်မြို့နယ်များအတွင်းလည်း နေလှမ်းဆားလုပ်ငန်းများရှိကြောင်း သိရသည်။
ဘိုဘိုမြင့်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
