ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အဓိကကုန် သွယ်မှုလမ်းကြောင်းတစ်ခုဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ရန် ယခုလ စက်တင်ဘာ (၂၄)ရက်က ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည့် KNU /KNLA တပ်မဟာ(၆)၊ တပ်မဟာ(၇)၊ DKBA ၊ BGF နှင့် KN U/KNLA-PC တို့၏ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုတွေ့ တွေ့ဆုံဆွေးနွေးမှုအတွက် အသေးစိတ်သိရှိနိုင်ရန် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကျော်ညွန့်ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး၊ လတ်တလောဆက်သွယ်မှုအရ ၎င်းသည် ဆက်သွယ်မှုဧရိယာပြင်ပကိုရောက်ရှိနေသည်။
အဆိုပါ အာရှလမ်းပိုင်း ပိတ်ထားခြင်းကြောင့် တခြားလမ်းပိုင်းများဖြစ်သည့် မြဝတီ – ကျော်ကို့ -ထို့ကော်ကိုးလမ်း အပါအဝင် နယ်ခြားစောင့်တပ်က ဖောက်လုပ်ပေးထားသည့် (၁၀၁၈) လမ်းနှင့် ကြက်ဥတောင်လမ်းတို့မှ သွားလာနေပြီး လမ်းပိုင်းကြမ်းတမ်းမှုကြောင့် လက်ရှိတွင် ယခင်ဒေါနတောင်တက်လမ်းအား အသုံးပြုသွားလာနေရသည်။
“မြဝတီကနေ ရန်ကုန် အရေးကြီးကိစ္စရှိလို့သွားမယ်ဆိုရင်တော့ တော်တော်စဉ်းစားပြီးမှသွားရတယ်။ မဖြစ်မနေကိစ္စမှသာသွားကြတယ်။ အခုသွားနေတဲ့ ဒေါနတောင်တက်လမ်းကလည်း ယာဉ်ပိတ်ဆို့တာနဲ့ ရာသီဥတုကြောင့် မြေပြိုတာတွေရှိတာကြောင့် ညအိပ်သွားနေရတဲ့အခြေအနေလေ။ အာရှလမ်းပိုင်းပြန်ဖွင့်ရင်တော့ ဝမ်းသာစရာပေါ့ဗျာ။ အခုလည်း လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေကြတယ်ကြားတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာတော့စောင့်ကြည့်ဖို့ပဲရှိတယ်” ဟု မြဝတီဒေသခံတစ်ဦး ကပြောသည်။
ထို့အပြင် လမ်းပိုင်းပြန်ဖွင့်ရန် ထိုင်းကုန်သည်ကြီးများနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ညှိနှိုင်းမှုပြုလုပ်နေသည်ဟု မြဝတီမြို့ ကုန်သည်အသိုင်းအဝိုင်းတွင်လည်း သတင်းများထွက်ပေါ်နေကြောင်း ၎င်းက ဆိုသည်။
ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အဓိက ကုန်သွယ်မှု လမ်းကြောင်းတစ်ခုဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့ခြင်းကြောင့် ယင်းလမ်းပိုင်း အသုံးပြုခွင့်ပိတ်ထားသည်မှာ (၂)နှစ်နီးပါး ရှိနေပြီဖြစ်သည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
