ထိုင်းအစိုးရ၏ ထောက်ပံ့ငွေကြေး ဘတ် ၁၀,၀၀၀ ကိုလက်ခံရယူထားသူများအနေဖြင့် မတော်တဆဖြစ်ရပ်များ မပေါ်ပေါက်စေရေးအလို့ငှာ အရက်ေ-သစာ သောက်စားခြင်းမျိုး မလုပ်ကြရန် မူးယစ်သောက်စား ယာဉ်မောင်းနှင်မှု ဆန့်ကျင်ရေး လှုံဆော်သူများက တိုက်တွန်းခဲ့သည်။
အရက် ေ-သစာ သောက်စားခြင်းဖြင့် ငွေလက်ခံရယူထားသူများနှင့် အခြားသူများကိုပါ ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးရနိုင်သည့် မတော်တဆဖြစ်ရပ်များ ပေါ်ပေါက်နိုင်သည့်အတွက် ထောက်ပံ့ငွေများကို အဖျော်ယမကာများတွင် သုံးဖြုန်းခြင်းထက် လိုအပ်သောနေရာများ သို့မဟုတ် ရင်းနှီး မြှုပ်နှံများလုပ်ခြင်းဖြင့် သုံးစွဲရမည်ဖြစ်ကြောင်း မူးယစ်သောက်စား မောင်းနှင်မှုဆန့်ကျင်သူများကွန်ရက် ဥက္ကဌ Phattarabhandhu Krissana က ပြောဆိုခဲ့သည်။
ထောက်ပံ့ငွေ ရရှိကြသူများအနေဖြင့် ငွေ၏ တစ်စိတ်တစ်ပိုင်းကို ယာဉ်မတော်တဆမှုဒဏ်ခံရသူများ ကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေထည့်ဝင်ပေးသည့် မော်တော်ယာဉ်အခွန်များအတွက် ခွဲဝေပေးသင့်သည်ဟု ကွန်ရက်နှင့် မူယစ်သောက်စား ယာဉ်မမောင်းရေးဖောင်ဒေးရှင်းက ဆုံးဖြတ်ခဲ့ကြောင်း သူက ပြောဆိုသည်။
အဖွဲ့ဝင် ၁၅,၀၀၀ ခန့်ရှိသော ကွန်ရက်မှ အဖွဲ့ဝင်အချို့သည် ယခုသီတင်းပတ်တွင် အစိုးရက ပေးအပ်သော ထောက်ပံ့ငွေ၏ ပထမအရစ်ကို ရရှိခဲ့ကြသည်ဟု မစ္စတာ Phattarabhandhu က ပြောကြားခဲ့သည်။ စီးပွားရေး ခက်ခဲကျပ်တည်းသောကာလတွင် အသက်ရှူချောင်စေရေးအလို့ငှာ အစိုးရက ထောက်ပံ့ငွေ ပေးခြင်းဖြစ်သည်။
ထိုင်းအစိုးရသည် နိုင်ငံတော် သက်သာချောင်ချိရေးကတ် ကိုင်ဆောင်သူ ၁၂ ဒသမ ၄ သန်းနှင့် မသန်စွမ်းကတ် ကိုင်ဆောင်သူ ၂ ဒသမ ၁ သန်းအတွက် ထောက်ပံ့ငွေ ဘတ် ၁၀,၀၀၀ စီ ပေး ဝေမှု အစီအစဉ်ကို ဆောင်ရွက်လျက်ရှိသည်။
Ref: ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
