ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ရေဘေးသင့်ပြည်သူများ ချက်ပြုတ်ရေး ကိစ္စအဆင်ပြေစေရေး တန်ဖိုးငွေ ကျပ် (၄၂)သိန်းကျော် တန်ဖိုးရှိ လောင်စာတောင့်များကို ဒုတိယအကြိမ်ဖြစ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး ကော်မတီမှ စက်တင်ဘာ (၂၉) ရက် နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းပေးလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ညောင်ရွှေအထိုင်ချ ကယ်ဆယ်ရေးစခန်းက ကြီးကြပ်ကာ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (လောက်ကိုင်)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ရွာငံ)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ညောင်ရွှေ) တို့ နှင့်အတူ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
“အင်းလေးဒေသ ရေပြင်ကျယ်ကြီးအလယ် ထင်းခွေဖို့ မ လွယ်၊ မီးသွေးကလည်း ဝယ်ဖို့ ခက်ခဲ၊ လျှပ်စစ်မီး မရှိသ လို Gas နဲ့ ချက်ဖို့ မရှိတာမို့ ထမင်းအိုးတည်ဖို့နဲ့ ချက်ပြုတ်ရေး ပြေလည်စေဖို့ အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ ထပ်မံ ဖြန့်ဝေလှူဒါန်းပေးတာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး ကော်မတီမှ ဆိုသည်။
ထိုသို့လှူဒါန်းပေးရာတွင် ပထမအကြိမ် လောင်စာတောင့် သုံးသောင်း၊ တန်ဖိုးငွေကျပ် ၂၅၅၀၀၀၀ ဖိုး ဝယ်ယူဖြန့်ဝေလှူဒါန်းခဲ့ပြီးဖြစ်သော်လည်း လိုအပ်နေသေးသောကြောင့် ယနေ့ စက်တင်ဘာ (၂၉)ရက်တွင် လောင်စာတောင့် ငါးသောင်း၊ တန်ဖိုးငွေ ၄၂၅၀၀၀၀ ကျပ်ဖိုး ထပ်မံ ဖြန့်ဝေလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) အနေဖြင့် မန္တလေးနှင့် အနီးတဝိုက်တွင် ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်ရမှု လျော့နည်းလာ၍ စက်တင်ဘာ(၂၁)ရက်မှစတင်ကာ ညောင်ရွှေမြို့၊ အထက(၂)၌ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရုံးခွဲများဖြစ်သော ရွာငံမြို့နယ်ရုံးအဖွဲ့၊ လောက်ကိုင်မြိုနယ်အဖွဲ့၊ ညောင်ရွှေမြို့နယ်အဖွဲ့၊ မုံရွာမြို့နယ်ရုံးအဖွဲ့ များဖြင့် အထိုင်ချစခန်း ဖွင့်လှစ်ကာ ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
