နှစ်စဉ် တစ်လနီးပါးကြာကျင်းပမြဲဖြစ်သည့် မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားပွဲကို ယခု စက်တင်ဘာလ (၂၅) ရက် (တော်သလင်းလပြည့်ကျော် (၈)ရက် )မှ စတင်ကျင်းပြုလုပ်လျှက်ရှိကြောင်း မန္တလေးမြို့ဒေသခံတစ်ဦးထံမှသိရသည်။
အဆိုပါ ကျောက်တော်ကြီး ဘုရားပွဲတော်ကို ယခင် ကိုဗစ်ကပ်ရောဂါ နှင့် နိုင်ငံရေးအခြေအနေများကြောင့် ပွဲတော်မှာ စည်ကားခြင်းမရှိခဲ့သော်လည်း ယခုနှစ်ကျင်းပသည့်ပွဲတော်မှာ ဈေးရောင်းဈေးဝယ်များအပါအဝင် လည်ပတ်သူများ စည်ကားလျှက်ရှိကြောင်း သိရသည်။
“အရင်နှစ်တွေထက်စာရင် အခုနှစ်က ပိုစည်တယ်ပြောရမှာပေါ့။ နယ်လှည့်ဈေးရောင်တဲ့ ဆိုင်တွေရော ပွဲတော်ကိုမှီပြီးရောင်းချတဲ့ ဆိုင်တွေရောတော်တော် စည်လာပါတယ်”ဟု ဆိုသည်။
ကျောက်တော်ကြီးဘုရားပွဲသည် မြန်မာနိုင်ငံအထက်ပိုင်းရှိ အထင်ရှားဆုံး၊ အကြီးကျယ်ဆုံးသော ဘုရားပွဲဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ဘုရားပွဲဈေးတွင် ရောင်းချရန် လာရောက်သည့် ဈေးသည်များနှင့် နှစ်စည် ကားသည့် ဘုရားပွဲတော်တစ်ခုဖြစ်သည်။
ဘုရားပွဲဈေးတွင် မုန့်ပဲသရေစာများ၊ သီတင်းကျွတ်ရောင်စုံမီးအလှများ၊ ကလေးကစားစရာအရုပ်ဆိုင်နှင့် အိုးပုတ်ဆိုင်များ၊ ဖျာနှင့်အိမ်အသုံး အဆောင်ပစ္စည်းများ၊ အဝတ်အစားများ၊ အပျော်တမ်း ဘောလုံးပစ်ဆိုင်များ၊ အပျော်စီးချား၊ ရဟတ်များ ပါဝင်သလို မြန်မာဇာတ်သဘင်များ၊ စတိတ်ရှိုးများလည်းပါဝင်သဖြင့် လည်ပတ်စရာစုံလင်သည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။
ကျင်းပသည့်ပွဲတော်ရက်များအနက် သီတင်းကျွတ်လပြည့်နေ့သည် အစည်ကားဆုံးသော ပွဲတော်ရက်ဖြစ်ပြီး မဟာသကျမာရဇိန်ကျောက်တော်ကြီး ဘုရားဝန်းအတွင်း ဆီမီးများဖြင့် ပူဇော်ကြသကဲ့သို့ ကနောင်မင်းသားကြီး အုတ်ဂူရှိသော စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရားကြီးကိုလည်း ဆီမီးများဖြင့် ပူဇော်လေ့ရှိကြသည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
