၂၀၂၂ ခုနှစ် မတ်လက ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ - ၂၄ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ကျန်းမာရေးကြောင့် ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ယနေ့ (စက်တင်ဘာ ၂၈ ရက်)တွင် ပြန်လည်လွတ်မြောက် လာခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူအချို့က ပြောကြားသည်ဟု BBC သတင်းဌာနက ဖော်ပြထားသည်။
ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် ကုသဆောင်၊ သီသန့်ခန်းတွင် ၂၀၂၄ ဧပြီလကစ၍ အာရုံကြော အားနည်းသည့် ရောဂါဖြင့် ဦးခေါင်းခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်းလည်း သိရသည်။
ထိုသို့ ကျန်းမာရေးပြဿနာများကြောင့် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေကို လွတ်ငြိမ်းခွင့်ပေးပြီး ပြန်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက တရားလိုပြုလုပ် တိုင်တန်းထားခြင်းကြောင့် ဗဟန်းမြို့မရဲစခန်းက ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေကို ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ - ၂၄ ဖြင့် အမှုဖွင့်ခဲ့သည်။
၂၀၂၂ ခုနှစ် မတ် ၂၁ ရက် ညပိုင်းက ဗဟန်းမြို့နယ် ၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ရွှေတောင်ကြား ၁ ရပ်ကွက်တွင် နေထိုင်သည့် ဇေကမ္ဘာဦးခင်ရွှေ၏ နေအိမ်အား အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
အမှုဖြစ်စဉ်မှာ ဗဟန်းမြို့နယ် ၊ ပုလဲလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေများဖြစ်သည့် စုစုပေါင်းမြေဧရိယာ ၁၃.၇၉၄ နှင့် ၎င်းမြေပေါ်ရှိ အဆောက်အဦးများအား ဇေကမ္ဘာကုမ္ပဏီလီမိတက်သို့ BOT စနစ်ဖြင့် ဟိုတယ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၁၆.၁.၂၀၁၄ ရက်နေ့တါင် ကြိုတင်သဘောတူညီမှုမှတ်တမ်းလွှာ MOA ကို ဒေါက်တာခင်ရွှေနှင့် စစ်ထောက်ချုပ်ရုံးတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ၊ ဒေါက်တာခင်ရွှေနှင့်စစ်ထောက်ချုပ် ရုံးတို့၏ သဘောတူညီမှုမှတ်တမ်းလွှာ MOA အရ မြေပရီမီယံကြေးအဖြစ် တစ်ဧကလျှင် အမေရိကန်ဒေါ်လာ ၃ သန်းနှုန်းဖြင့် မြေ ၁၃.၇၉၄ ဧကအတွက် အမေရိကန်ဒေါ်လာ ၄၀.၃၈၂ သန်းနှင့် နှစ်စဉ်ငှားရမ်းခအနေဖြင့် ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာနှုန်းဖြင့် စုစုပေါင်း ၈၀၀၀၀ စတုရန်းမီတာအတွက် ဒေါ်လာ ၁.၂ သန်းနှစ်စဉ်ပေးသွင်းရန် ၊ BOT စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး ၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံချက် ၊ ခွင့်ပြုချက်များရရှိရေး အမြန်ဆုံးလိုက်ပါဆောင်ရွက်၍ ၆ လအတွင်း BOT စာချုပ်ချုပ်ဆိုနိုင်ရေး ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ ဆောင်ရွက်ရန် မြေအသုံးချခနှင့် မြေငှားရမ်းခများကို MOA လက်မှတ်ရေးထိုးပြီး ၁ လအတွင်း ၂၀ ရာခိုင်နှုန်း ၊ ၆ လအတွင်း ၂၀ ရာခိုင်နှုန်း ၊ တစ်နှစ်ပြည့်လျှင် ၂၀ ရာခိုင်နှုန်း ၊ ၁၈ လပြည့်လျှင် ၂၀ ရာခိုင်နှုန်းနှင့် Grand Opening ရက်မတိုင်မီ ၇ ရက်အတွင်း ၂၀ ရာခိုင်နှုန်းပေးသွင်းရန် ကြိုတင်သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။
ထို့နောက် ဇေကမ္ဘာဦးခင်ရွှေကို ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ - ၂၄ ဖြင့် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
