နီပေါနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများဖြစ်ပွားပြီး ၂၄ နာရီအတွင်း လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကာ ခုနစ်ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
တောင်အာရှ၏ နှစ်စဉ် မုတ်သုံမိုးရွာသွန်းမှုများကြောင့် ဒေသတွင်း မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး မုတ်သုံရာသီပြန်ထွက်ရန် သီတင်းတစ်ပတ်ကြာ နောက်ကျခဲ့ပြီးနောက် နီပေါနိုင်ငံအတွင်းရှိ မြစ်အများစုတွင် မြစ်ရေများလျှံပြီး လမ်းများနှင့် တံတားများပေါ်သို့ ရေများလျှံတက်လာခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
မြေပြိုမှုများကြောင့် ပိတ်ဆို့သွားခဲ့သည့် အဝေးပြေးလမ်းများကို ပြန်လည်ဖွင့်လှစ်ရန်နှင့် အပျက်အစီးများကို ရှင်းလင်းရန် ရဲတပ်ဖွဲ့က လုပ်ဆောင်နေသည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
"စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းအထိ မိုးတွေဆက်တိုက်ရွာနေနိုင်ပါတယ်။ မိုးတိတ်မှ ရာသီဥတုက ကောင်းမွန်သွားနိုင်ပါတယ်" ဟု မိုးလေဝသပညာရှင် ဘီနူ မဟာဂျန်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
တောင်များထူထပ်သည့် နီပေါနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း မုတ်သုံရာသီတွင် မြေပြိုမှုများ ရေလွှမ်းမိုးမှုများကြောင့် လူပေါင်းရာချီ သေဆုံးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
