ဟယ်လင်းဟာရီကိန်း ဝင်ရောက်တိုက်ခတ်ခဲ့သောကြောင့် အမေရိကန် အရှေ့ပိုင်းပြည်နယ်များတွင် သေဆုံးသူ ၄၄ ဦးခန့် ရှိပြီး အမေရိကန်ပြည်သူ လေးသန်းနီးပါးသည် အမှောင်ထဲတွင်နေထိုင်နေရဆဲဖြစ်ကာ လူအများအပြားသည် ပြင်းထန်ရေကြီးမှုကို ရင်ဆိုင်နေရသည်ဟု စက်တင်ဘာ ၂၈ ရက်တွင် အာဏာပိုင်များက ပြောကြာခဲ့သည်။
ဟယ်လင်း ဟာရီကိန်း သည် ပြင်းအား အဆင့်လေးရှိသော ဟာရီကိန်းမုန်တိုင်းကြီးအဖြစ် ဖလော်ရီဒါကို ဝင်ရောက်ခဲ့ပြီး တောင်ပိုင်းကို ရွေ့လျားသွားခဲ့ကြောင်း ၊ အရေးပေါ်ကယ်ဆယ်ရေးသမားများက ပြည်နယ်များတွင် အင်အား အများအပြားဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ မုန်တိုင်းကြောင့် ကားလမ်းများ၊အိမ်များ၊ ဈေးဆိုင်များ ရေမြုပ် ပျက်စီးခဲ့ရသည်။
စက်တင်ဘာ ၂၇ ရက်ညပိုင်းတွင် အရှေ့ပိုင်းပြည်နယ်များရှိဒေသအချို့သည် လျှပ်စစ်ဓာတ်အား ပြန်yလည်ရရှိခဲ့သည်ဆိုသော်လည်း ၂၈ ရက်နံနက်ပိုင်းအထိ ပြည်နယ် ၁၀ ခု၌ ပြည်သူလေးသန်းနီးပါးသည်လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည်ဟုသိရသည်။
ဓာတ်အား ပြတ်တောက်ချိန် ကြာမြင့်နိုင်သည်ဟု အမေရိကန်မိုးလေဝသပညာရှင်များက သတိပေးထားသည်။
ဟယ်လင်းဟာရီကိန်း သည် အပူပိုင်းလွန် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားနည်းသွားသည်ဆိုသော်လည်းမိုးသည်းထန်မှုများနှင့်အတူ ထိခိုက်ပျက်စီးမှုများကို ဆက်လက်ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့်မြိုပေါ်၌ ရေကြီးခြင်းတို့ဖြစ်လာနိုင်သည်ဟု အမျိုးသားဟာရီကိန်းစင်တာ (NHC)ကပြောကြားခဲ့သည်။
ရေကြီးမှုက မြောက်ကာရိုလိုင်းနားနှင့် တန်နက်ဆီတို့က ဆည်များ ကျိုးရန်ခြိမ်းခြောက်နေသောကြောင့် စက်တင်ဘာ ၂၈ ရက်အထိ တစ်ညလုံး နောက်ထပ်ပြောင်းရွှေ့အမိန့်များကို ထုတ်ပြန်ခဲ့သည်။
အရှေ့ပိုင်း တန်နက်ဆီဆည်သည် ကျိုးလုဆဲဖြစ်နေသောကြောင့် ဆည်၏ရေစုန်အရပ်တွင်နေထိုင်သူများ အမြင့်ပိုင်းကို ချက်ချင်း ပြောင်းကြရန် အမျိုးသားမိုးလေဝသဌာ(NWS)က သတိပေထားသည်။
Ref:AFP
Photos:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
