ဗဟိုအချက်အချာကျပြီး အခြေခံကောင်းများကိုပိုင်ဆိုင်ထားသည့် မိတ္ထီလာဒေသအား စံပြနေရာတစ်ခုအဖြစ်ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
ယနေ့ စက်တင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ရှိ ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နစက ဥက္ကဋ္ဌက မိတ္ထီလာဒေသသည် မြန်မာနိုင်ငံ၏ အရှေ့အနောက်တောင်မြောက်ဆုံသည့်နေရာတွင်ရှိပြီးလမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့်ပတ်သက်၍ အချက်အခြာကျသည့်လမ်းဆုံမြို့တစ်ခုဖြစ်သည်ဟု ပြောသည်။
“မိတ္ထီလာဒေသရဲ့အကျယ်အဝန်းနဲ့ နေပြည်တော်ရဲ့ အကျယ်အဝန်းကွာဟမှုက အနည်းငယ်သာရှိသလို လူဦးရေအနေနဲ့လည်း မိတ္ထီလာမှာ ၉ သိန်း ကျော်ခန့်ရှိသလို နေပြည်တော်မှာ ၁ သန်းကျော်ခန့်ရှိပါတယ်။ နေပြည်တော်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသလို မိတ္ထီလာဒေသကိုလည်း စံပြနေရာတစ်ခုအဖြစ်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင် မိတ္ထီလာဒေသ၏ တည်နေရာအနေအထားအရ နိုင်ငံ၏အလယ်ပိုင်း၌ရှိသည့်အပြင် ကုန်သွယ်မှုတွင်ဗဟိုကျပြီး အချက်အချာကျသည့်မြို့တစ်မြို့ဖြစ်ကာ ပညာရေးတွင်လည်း တက္ကသိုလ်၊ ကောလိပ်များပြည့်စုံစွာတည်ရှိ၍ သွားလာရာတွင် အဆင်ပြေလွယ်ကူသည့် မြေအနေအထားကိုပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့သည့်ဒေသတစ်ခုဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် မိတ္ထီလာခရိုင်ဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းဆောင်ရွက်ရာတွင် သာမန်ဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ အားထည့်၍ ဆောင်ရွက်သွားရမည်ဖြစ်ကာ အချိန်ကိုအကျိုးရှိစွာအသုံးချစေလိုသည်ဟု တိုက်တွန်းမှာကြားသည်။
ထို့ပြင် ဒေသတွင် တာဝန်ထမ်းဆောင်နေကြသူများ၊ ဒေသခံများအားလုံးက အမြင်ကျယ်ကျယ်ဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟုလည်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်ဟု သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
