ရေဘေးဒဏ်ကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရထားလမ်းများကိုပြန်လည်ပြုပြင်ရာ၌ ရေ ရှည်တည်တံ့ခိုင်မြဲရေး၊ အရည်အသွေးပြည့်မီရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
နစက ဥက္ကဋ္ဌသည် ယနေ့ စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် သာစည်-မန္တလေးရထားလမ်းပိုင်းပေါ်ရှိ ရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သော စမုံချောင်းတံတားပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ တံတားအမှတ် ၆၉၁(အစုန်)၏ သံဘောင် ၄ ခုပြုတ်ကျခဲ့ပြီး တိုင်အမှတ် ၃ ရေစီးအားဖြင့် မျောပါပျက်စီးခဲ့မှုအား Triple Double Bailey တံတား(၉၀)ပေထိုးနေမှု၊ တံတားအမှတ် ၆၉၁ (အဆန်)၏ ရန်ကုန်ဘက်ခြမ်းတံတားချဉ်းကပ်တာဘောင် ရေတိုက်စားပျက်စီးခဲ့မှုအား ရထားလမ်းဖြုတ်သိမ်း၍ စက်ယာဉ်ယန္တယားများဖြင့် တာဘောင်မြေဖို့ပြုပြင်နေမှုနှင့် သံလမ်း ပြန်လည်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တာဝန်ရှိသူများက ရန်ကုန်-မန္တလေးလမ်းပိုင်းနှင့် သာစည်-ရွှေညောင်-တောင်ကြီး လမ်းပိုင်း ရထားလမ်း ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများနှင့် လမ်းပိုင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
နစကဥက္ကဋ္ဌက ပျက်စီးခဲ့သည့် ရထားလမ်းပိုင်းများအား ပြန်လည်ပြုပြင်ရာ၌ ရေရှည်တည်တံ့ခိုင်မြဲရေး၊ အရည်အသွေးပြည့်မီရေးကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကာ နောင်အလားတူဖြစ်ရပ်မျိုးဖြစ်ပေါ်လာပါက ခံနိုင်ရည်ရှိစေရန်အတွက် စနစ်တကျသုတေသနပြုတွက်ချက်၍ ဆောင်ရွက်ရမည်ဟု မှာကြားသည်။
ပြုပြင်မည့်ရထားလမ်းပိုင်းနေရာများနှင့် အသစ်တည်ဆောက်မည့်ရထားလမ်းပိုင်းနေရာများ၌ ရေဝင်ရေထွက်ကောင်းမွန်စေရန်ဆောင်ရွက်ရမည်ဖြစ်ကာ တံတားနေရာများတွင် အရှိန်အဟုန်ဖြင့်စီးဆင်းလာမည့် ရေစီးကြောင်းအရှိန်ကိုထိန်းနိုင်မည့် ကျောက်စီနံရံများ၊ ချောင်းဖြောင့်ခြင်းတို့ကို ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ပြီး အဆက်အသွယ်ပြတ်တောက်မှုမရှိစေရန်နှင့် လုပ်ငန်းများအချိန်မီပြီးစီးရန် မှာကြားခဲ့သည်ဟု သိရသည်။
ထို့ပြင် နစကဥက္ကဋ္ဌသည် ရထားလမ်းပြန်လည်ပြုပြင်တည်ဆောက်နေသည့် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများချီးမြှင့်ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
ခရီးစဥ်အတွင်း၌ နစက ဥက္ကဋ္ဌသည် မိတ္ထီလာ-သာစည် ကာလမ်းအတိုင်း မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ သာစည်ဘူတာမှ မီးရထားဖြင့်လည်းကောင်း လိုက်ပါစီးနီး၍ လမ်းတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်မှု၊ ရေဝင်ရောက်မှုကြောင့် အချို့နေရာများတွင် စိုက်ဧကများပျက်စီးနေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။









-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
