ဖနွမ်းပင်၊စက်တင်ဘာ ၂၉
ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမ ပြန်ကြားရေးနှင့်ပညာရေးကော်မရှင် အမြဲတမ်းဒုတိယဥက္ကဌ Lai Xuan Mon ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့ကြောင်းသိရသည်။
၎င်း၏ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သတင်းအချက်အလက်နှင့်ပညာရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပြီး ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ပါတီလမ်းကြောင်းမှတစ်ဆင့် ပူးပေါင်းမှုကိုတိုးမြှင့်ဆောင်ရွက်မည့် ကော်မရှင်နှစ်ရပ်အတွက်လည်း အထောက်အကူဖြစ်စေခဲ့သည်ဟုဆိုသည်။
ဆက်လက်၍မစ္စတာ Mon က ဗီယက်နမ်အနေဖြင့် ကမ္ဘောဒီးယားပြည်သူ့ပါတီနှင့် ကမ္ဘောဒီးယား၏ အမျိုးသားကာကွယ်ရေး၊တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစဉ်အမြဲထောက်ခံအားပေးပြီး အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် နှစ်နိုင်ငံလက်တွဲ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
တစ်ဖန် ကမ္ဘောဒီးယားအစိုးရနှင့် ဝန်ကြီးချုပ်ဟွန်မာနက်ကလည်း ဗီယက်နမ်နှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချမ်းသာကြွယ်ဝရေးတို့ကို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြန်လည်ပြောကြားခဲ့သည်။
Source : ခမာတိုင်းမ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
