ပေကျင်း၊စက်တင်ဘာ ၂၉
ပါဝင်ပတ်သက်နေသည်ဟုယူဆရသော တရုတ်နိုင်ငံသား ၂၀ ဦးအား မြန်မာနှင့်ပူးတွဲစစ်ဆင်ရေး၌ ဖမ်းမိခဲ့ပြီးနောက် တရုတ်နိုင်ငံသို့လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (အမ်ပီအက်စ်)က တနင်္ဂနွေနေ့၌ ပြောကြားခဲ့သည်။
အမ်ပီအက်စ် ၏ သတင်း ထုတ်ပြန်ချက်အရ အဆိုပါစစ်ဆင်ရေးသည် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့များ အကြား ပူးပေါင်းဆောင်ရွက်မှုမှရရှိလာသည့် ကြီးမားသည့် နောက်ထပ်အောင်မြင်မှုတစ်ခုကို ကိုယ်စားပြုသည်ဟုဆိုသည်။
ယင်းသံသယရှိသူများသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရာဇဝတ်အဖွဲ့အစည်းများနှင့် ဆက်စပ်မှုရှိနေကြောင်းတွေ့ရှိရပြီး ၎င်းတို့သည် လက်နက်ကိုင်တပ်ဖွဲ့များကိုကွပ်ကဲခြင်း၊ တယ်လီဖုန်းလိ-မ်လည်မှုစခန်းများထူထောင်ခြင်းများပြုလုပ်ကာ တရုတ်နိုင်ငံသားများကိုပစ်မှတ်ထားလုပ်ကိုင်နေခြင်းမျိုးတွေ့ရသည်ဟုလည်းဆိုသည်။
၎င်းတို့သည် လူသ–တ်မှုနှင့်ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းနှိ-ပ်စက်မှုများအပါအဝင် ပြင်းထန်သည့်ပြစ်မှုများကို ရည်ရွယ်ချက်ရှိရှိ နှင့် ကျူးလွန်ခဲ့သူများအဖြစ် သံသယရှိသူများလည်းဖြစ်သည်ဟုသိရသည်။
တယ်လီကွန်းနှင့်အင်တာနက်လိ-မ်လည်တိုက်ဖျက်ရာ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအားကောင်းလာခြင်းသည် ခေတ်စားလာသည့်လမ်းကြောင်းတစ်ခုဖြစ်ကြောင်း အမ်ပီအက်စ် မှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပြီး ယခု ကဲ့သို့သော ကိစ္စများက တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုယန္တရားအတွက် ပိုမိုတိုးတက်လာစေခဲ့သည်ဟုလည်းဆိုသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
