ဖိလစ်ပိုင်နိုင်ငံကို ဦးတည်နေသည့် အပူပိုင်းမုန်တိုင်း ခရာထုန် ကြောင့် လူဇုန်ကျွန်း၏ မြောက်ပိုင်းဒေများတွင် သတိပေးချက်ထုတ်ပြန်ထားပြီး အဆိုပါမုန်တိုင်းသည် အရှိန်အဟုန်ပြင်းလာကာ စူပါတိုက်ဖွန်းတစ်ခုဖြစ်လာ နိုင် ခြေများကြောင်း အာဏာပိုင်များက ပြောသည်။
ဖိလစ်ပိုင်တွင် ဂျူလီယန်ဟု သိကြသည့် ခရာထုန် သည် ဆက်လက်အားကောင်းနေပြီး ယနေ့(စက်တင်ဘာ ၂၉) ညနေ (သို့) မနက်ဖြန် မနက်အစောပိုင်းလောက်တွင် တိုက်ဖွန်းမုန်တိုင်းအဆင့် ရောက်ရှိနိုင်သည်ဟု ဖိလစ်ပိုင် မိုးလေဝသ ဌာနက သတင်းပြုထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
မုန်တိုင်းကြောင့် မိုးသည်းထန်ကာ လေပြင်း များတိုက်ခတ်နိုင်သည်ဟု မိုးလေဝသ ဌာန က သတိပေးခဲ့ပြီး ကုန်း မြေ ဖြစ်သော Cagayan နှင့် Babuyan ကျွန်းစုအရှေ့ပိုင်းတို့တွင် လေတိုက်နှုန်းအချက်ပြမှု အဆင့် ၂ အဖြစ် သတ်မှတ်ထားခဲ့သည်။
ခရာထုန် သည် အင်္ဂါနေ့လောက်တွင် ထိုင်ဝမ်အရှေ့ဘက် ပင်လယ်ရေပြင်၌ အရှိန်ကောင်းလာမည်ဟု ခန့်မှန်းကြောင်းမိုးလေဝသ ဌာန က ပြောသည်။ ဂျပန်နိုင်ငံ မိုးလေဝသ ပညာရှင်များကလည်း ခရာထုန် သည် သီတင်းပတ်လယ်လောက်တွင် အိုကီနာဝါကျွန်းစု အနောက်တောင်ဘက်သို့ ချဉ်းကပ်ရောက်ရှိဖွယ်ရှိသည်ဟု ပြောဆိုကြောင်း အင်န်အိတ်ချ်ကေ သတင်း ဌာနက စနေနေ့တွင် ဖော်ပြခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
