Top News

အီဂျစ်အသင်းဖော်များအကြား ညီညွတ်မှု ရှိကြရန် ဆာလာ တိုက်တွန်း 
24htopnews | September 30, 2024 11:12 AM CST

လီဗာပူးလ်အသင်း၏ အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာလာက အီဂျစ်လက်ရွေးစင်အသင်းဖော်များအား အရေးကြီးပွဲစဉ်များ ကစားရန်ရှိနေချိန်တွင် ညီညွတ်မှုရှိကြရန် တိုက်တွန်းပြောကြားခဲ့သည်။ 

အိီဂျစ်လက်ရွေးစင်အသင်းတွင် အီဂျစ်နိုင်ငံ၏ အကောင်းဆုံးကလပ်အသင်းနှစ်သင်းဖြစ်သည့် အယ်လ်အာလီအသင်းနှင့် ဇမ်မာလက်အသင်းတို့မှ ကစားသမားအများအပြားပါဝင်လျက်ရှိရာ နှစ်ဖက်ကစားသမားများအကြား တင်းမာမှုများရှိသည်။ 

ယင်းနှစ်သင်းသည် အာဖရိကချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲတက်ပြီး နိုဝင်ဘာ (၂၇)ရက်နေ့တွင် ကစားရဦးမည်ဖြစ်သည်။ 

ဆာလာက "လက်ရွေးစင်အသင်းရဲ့ စခန်းဝင်လေ့ကျင့်မှုမှာတော့ နှစ်ဖက်အသင်းသားတွေအကြား တင်းမာမှု တွေရှိနေတာကို ကျွန်တော်မလိုချင်ပါဘူး။ အသင်းကောင်းဖို့ကိုပဲ ဦးစားပေးစေချင်ပါတယ်"ဟု ဆိုခဲ့သည်။ 

အီဂျစ်အသင်းသည် နိုဝင်ဘာ (၁၇)ရက်တွင် အာဖရိနိုင်ငံများဖလား ခြေစစ်ပွဲစဉ်အဖြစ် တိုဂိုအသင်းနှင့် အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဆာလာသည် အီဂျစ်လက်ရွေးစင်အသင်းအတွက် (၆၈)ပွဲတွင် (၄၃)ဂိုး သွင်းယူထားပြီး ဂိုးသွင်းအများဆုံးစာရင်းတွင် နံပါတ် (၂) နေရာ၌ ရပ်တည်နေသည်။ 

အီဂျစ်အသင်းအတွက် ထာဝရဂိုးအများဆုံးသွင်းထားသူမှာ ဂန္ထဝင်တိုက်စစ်မှူး ဟက်ဆန်ဖြစ်ပြီး (၆၈)ဂိုး သွင်းယူထားသည်။ ဆာလာက မိမိအနေဖြင့် ဟက်ဆန်၏ စံချိန်ကို ကျော်ဖြတ်နိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK