ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် အန်ဒိုရာအသင်းကို (၇-ဝ)ဂိုး ဖြင့်အနိုင်ရရှိသည့်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် ၎င်း၏ နိုင်ငံတကာ သွင်းဂိုးအရေအတွက်မှာ (၁၀၂) ဂိုးအထိ ရှိလာခဲ့သည်။
ယင်းအတွက်ကြောင့် သူသည် အီရန်လက်ရွေးစင်အသင်း၏ တိုက်စစ်မှူးဟောင်း အလီဒါယီတင်ရှိထားသည့် နိုင်ငံတကာသွင်းဂိုးအများဆုံး စံချိန်ကိုလိုက်မီရန် (၇)ဂိုးအကွာအ ထိ ရောက်ရှိလာခဲ့ကြောင်းလည်းသိရှိရသည်။
စီရော်နယ်လ်ဒိုသည် ယင်းပွဲစဉ်တွင် ဒုတိယပိုင်း၌ လူစားဝင်လာ ခဲ့ပြီးနောက် ပေါ်တူဂီအသင်းအတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး လှပသည့် ခေါင်းတိုက်ဂိုးတစ်ဂိုးလည်းဖြစ်သည်။
ယင်းဂိုးသည် စီရော်နယ်လ်ဒို၏ (၁၀၂)ဂိုးမြောက် နိုင်ငံတကာသွင်းဂိုးဖြစ်သလို၊ အသက် (၃၀) ပြည့်ပြီးနောက်ပိုင်း ပွဲ (၅၀)၌ သွင်းဂိုး (၅၀)မြောက်ဂိုးလည်းဖြစ်သည်။ သူသည် အသက် (၃၀)မတိုင်မီကမူ ပွဲပေါင်း (၁၁၈)ပွဲတွင် (၅၂)ဂိုး သွင်းယူခဲ့သည်။
■ လက်ရှိ ကစားသမားများတွင် နိုင်ငံတကာဂိုးအများဆုံးသွင်းထားသူများ
စီရော်နယ်လ်ဒို(ပေါ်တူဂီ) - ၁၀၂ ဂိုး
ချက်ထရီ(အိန္ဒိယ) - ၇၂ ဂိုး
မက်ဆီ(အာဂျင်တီးနား) - ၇၁ ဂိုး
အလီမာဟွတ်(UAE) - ၆၃ ဂိုး
လီဝန်ဒေါစကီး(ပိုလန်) - ၆၃ ဂိုး
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
