လီဗာပူးလ်အသင်း၏ အဓိက နောက်ခံလူ (၄)ဦးထဲမှ (၃)ဦးမြောက်ကစားသမား ဒဏ်ရာရရှိမှုအဖြစ် အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဂျိုးဂိုးမက်ဇ်သည် ကာလရှည်အနား ယူရတော့မည်ဖြစ်ကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် အဲဗာတန်အသင်းနှင့် ကစားသည့်ပွဲစဉ်၌ ဗန်ဒိုက်ဒဏ်ရာရရှိခဲ့ပြီး၊ မန်စီးတီးအသင်းနှင့် ကစားသည့်ပွဲစဉ်၌ အာနိုးလ်ဒဏ်ရာရရှိခဲ့သည်။
ယခုအခါ အင်္ဂလန်အသင်းအတွက် သွားရောက်ကစားပေးနေသည့် ဂျိုးဂိုးမက်ဇ်သည် လက်ရွေးစင်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် ထပ်မံဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဂျိုးဂိုးမက်ဇ်သည် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုအလျင်အမြန်ပြုလုပ်ခဲ့ပြီးနောက် အောင်မြင်မှုရရှိခဲ့သည်ဟု လီဗာပူးလ်အသင်းက ထုတ်ပြန်ခဲ့သည်။
ဒဏ်ရာကြောင့် အနားယူရမည့် အချိန်ကာလအတိအကျကို ဖော်ပြခြင်းမရှိသော်လည်း ၂၀၂၀-၂၁ တစ်ရာသီလုံးနားရလောက် သည်အထိ ဖြစ်နိုင်ဖွယ်မရှိဟု ဆိုခဲ့သည်။
သို့ရာတွင် တစ်ရာသီလုံးနီးပါးဖြစ်နိုင်သည်ဟုဆိုခဲ့ပြီး ဂျိုးဂိုးမက်ဇ်၏ ခွဲစိတ်ဒဏ်ရာအမျိုးအစားမှာ ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာယူရသည့် အမျိုးအစားဖြစ်သည်ဟုလည်း မီဒီယာများက ဆိုသည်။
ယင်းအတွက်ကြောင့် ဂျိုးဂိုးမက်ဇ်သည် လီဗာပူးလ်အသင်း၏ လက်ကျန်ပွဲစဉ်အားလုံးနီးပါးကို လွဲချော်မည်ဖြစ်သလို၊ လာမည့်နှစ်တွင် ကျင်းပမည့် ယူရို-၂၀၂၀ ပြိုင်ပွဲ၌ အင်္ဂလန်အသင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခွင့်ကိုပါ လွဲချော်နိုင်သည့် အနေအထားလည်း ဖြစ်သည်။
လီဗာပူးလ်အသင်းသည် ဂျိုးဂိုးမက်ဇ်ဒဏ်ရာရခဲ့ပြီးနောက် နောက်ခံအတွင်းလူနေရာအတွက် တတိယဦးစားပေးကစားသမား မာတစ်နှင့် လူငယ်ကစားသမားများသာ ကျန်ရှိတော့ပြီး၊ ယင်းနေရာတွင် ဆင်းကစားနိုင်သည့် ဖာဘင်ညိုကိုလည်း နိုင်ငံတကာပွဲစဉ်များအပြီးတွင် ပြန်ကောင်းလာရန် မျှော်လင့်နေကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
