PSG နှင့် ပတ်သက်သည့် သတင်းများကို မက်ဆီ၏ဖခင် ငြင်းဆန်
24htopnews | September 30, 2024 11:12 AM CST
မက်ဆီ၏ ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီက သူသည် သားဖြစ်သူ လီယွန်နယ်မက်ဆီအား PSG အသင်းထံသို့ ပြောင်း ရွှေ့ကစားရန်အတွက် စီစဉ်နေသည်ဆိုသည့် သတင်းများကို ငြင်းဆန်ပယ်ချခဲ့သည်။
ဟော်ဟဲမက်ဆီသည် ဘဏ္ဍာရေးပြဿနာကြုံတွေ့နေသည့် ဘာစီလိုနာအသင်းတွင် သားဖြစ်သူကို ဆက်မကစားရန် ကြိုးပမ်းနေပြီး လာမည့်ဇန်နဝါရီလတွင် PSG အသင်းနှင့် စတင်ဆွေးနွေးရန် စီစဉ်လျက်ရှိသည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် ဟော်ဟဲမက်ဆီက Instagram တွင် "လုပ်ဇာတ်တွေကို ရပ်ပါတော့။ သတင်းအတုတွေ"ဟု ရေးသားကာ ပြန်လည်ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် ယခုရာသီကုန်တွင် ဘာစီလိုနာနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖွယ်မရှိတော့ရာ ၎င်းအား ခေါ်ယူရန် မန်စီးတီး၊ PSG အသင်းတို့က စိတ်ဝင်စားနေသည်ဟု သတင်းများကဆိုသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
