စပါးအသင်း၏ တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်က သူသည် ကိုယ့်ကိုယ်ကို ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမားများထဲက တစ်ဦးဟု ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် စပါးအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်သော်လည်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆွန်ဟောင်မင်က "ကျွန်တော်က ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ တစ်ခါမှ စဉ်းတောင် မစဉ်းစားဖူးပါဘူး။ ရိုးရိုးသားသားပြောတာပါ။ လုံးဝမစဉ်းစားခဲ့ဖူးပါဘူး။ ကျွန်တော့်ကလပ်နဲ့ လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ပဲ ကြိုးစားနေပါတယ်"ဟု ပြောကြားခဲ့သည်။
ဆွန်ဟောင်မင်သည် ၂၀၁၅ နွေရာသီအပြောင်းအရွှေ့ကာလတွင် လေဗာကူဆင်အသင်းမှ စပါးအသင်းသို့ ယူရို (၂၂)သန်း ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။
၎င်းသည် ယခုရာသီတွင် စပါးအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပရီးမီးယားလိဂ် (၈)ပွဲတွင် (၈)ဂိုး သွင်းယူထားသလို၊ ပြိုင်ပွဲစုံ (၁၃)ပွဲတွင် (၁၀)ဂိုးအထိ သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
