ဂွါဒီယိုလာလက်ထက်တွင် စာချုပ်သက်တမ်းကုန်ချိန်အထိ သက်တမ်းမတိုးနိုင်ခြင်းကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုခဲ့ရသည့် မန်စီးတီးအသင်းသည် ယခုလာမည့် နွေရာသီတွင်လည်း ထိပ်တန်းကစားသမား (၃)ဦးကို လက်လွှတ်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။
ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်း၏ ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားသည် အသင်းက စာချုပ်သစ်ချုပ်ဆိုခြင်း မပြုသဖြင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားခဲ့ပြီး ယခုအခါ ဆိုစီဒက်အသင်းတွင် ခြေစွမ်းပြလျက်ရှိသည်။
ယခင်ကလည်း ဘရာဗို၊ ကွန်ပနီ၊ နာဗတ်စ်၊ ဇာဘလက်တာ၊ ကလစ်ချီ၊ ကာဘယ်လာရို၊ ဒီမစ်ချယ်လစ်စသည့် ကစားသမားများကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွင့်ပေးခဲ့ရသည်။
ထို့ပြင် လူငယ်ကြယ်ပွင့် ဆာနေးကိုလည်း စာချုပ်သက်တမ်းနောက်ဆုံးနှစ်အထိ ရောက်လာသဖြင့် ဈေးကွက်ပေါက်ဈေးထက် အလွန်နည်းပါးသည့် ဈေးနှုန်းဖြင့် ထွက်ခွင့်ပေးခဲ့ရသည်။
အလွတ်ထွက်ခွာခဲ့သည့် ကစားသမားအများစုမှာ နည်းပြမကြိုက်တော့သည့်အတွက် ပုံမှန်နေရာမပေးတော့သည့် ကစားသမားများဖြစ်သော်လည်း ဈေးကွက်အရမူ ယင်းကစားသမားများကို စာချုပ်သက်တမ်းကျန်ရှိနေချိန်ကတည်းက ရောင်းထုတ်ခြင်း၊ သို့မဟုတ် သက်တမ်းတိုးပြီးမှ ရောင်းထုတ်ခြင်းတို့က ပိုမိုအဓိပ္ပါယ်ရှိသည့်လုပ်ရပ်အဖြစ် မီဒီယာများကဝေဖန်ကြသည်။
ယခုအချိန်တွင်လည်း ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့်အဓိက တိုက်စစ်မှူးအဂွဲရိုး၊ ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုနှင့် လူငယ်ကြယ်ပွင့်နောက်ခံလူ အဲရစ်ဂါစီယာတို့အား အလွတ်ထွက်ခွာခွင့်ပေးရတော့မည့် အနေအထားဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
