ပြင်သစ်လက်ရွေးစင်နောက်ခံလူဟောင်း ရာမီက ကျော်ကြားမှုနှင့် ချမ်းသာကြွယ်ဝမှုသည် လူငယ်ဘောလုံးသမားများအတွက် အန္တရာယ်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းတွင် ပါဝင်ခဲ့သူ ရာမီက နာမည်ကျော်လူငယ်ဘောလုံးသမားများအား ကွင်းပြင်ပ လူနေမှုဘဝတွင် အသုံးချလိုသူအလွန်များပြီး သတိထားရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရာမီက "ဘောလုံးသမားတွေက အထူးသဖြင့် အမျိုးသမီးတွေအတွက် လွယ်ကူတဲ့ သားကောင်တွေ ဖြစ်ပါတယ်။ ဘောလုံးသမားတွေဟာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူတွေဖြစ်လို့ ကြည့်ကောင်းပါတယ်။ နာမည်လည်းကျော်မယ်။ ပိုက်ဆံလည်း ရှိမယ်ဆိုရင် သူတို့အနားမှာ အမျိုးသမီးတွေ ဝိုင်းဝိုင်းလည်နေမှာပါ။ ဒါပေမဲ့ အဲဒီအမျိုးသမီးတွေက လူကို စိတ်ဝင်စားတာ မဟုတ်ပါဘူး။ ကျော်ကြားမှုနဲ့ ငွေကြေးကိုပဲ စိတ်ဝင်စားတာပါ။ တချို့က လူမှုကွန်ရက်တွေမှာ Follower တိုးဖို့အတွက် နာမည်ကျော် ဘောလုံးသမားတွေကို ချဉ်းကပ်တာမျိုးတောင် ရှိပါတယ်။ ဒါက တော်တော် ဆိုးပါတယ်"ဟု ပြောကြားခဲ့သည်။
အသက် (၃၄)နှစ်အရွယ်ရှိ ရာမီသည် လက်ရှိတွင် ပေါ်တူဂီကလပ် ဘိုအာဗစ္စတာအသင်းတွင် ကစားနေသူဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် အမျိုးသမီးများစွာနှင့် ပတ်သက်ခဲ့သူလည်း ဖြစ်သည်။
ရာမီက ဘောလုံးသမားများအနေဖြင့် ဘဝလက်တွဲဖော်ကို နိုက်ကလပ်များတွင် မတွေ့နိုင်ကြောင်းနှင့် ကစားသမားဘဝ မထိခိုက်ရေးအတွက် အစစရာရာ ဂရုစိုက်သင့်ကြောင်း ပြောကြားခဲ့သည်။
"လူငယ်ဘောလုံးသမားလေးတွေကို ကျွန်တော် သတိပေးချင်ပါတယ်။ သတိထားကြပါ ကောင်လေးတို့။ မင်းတို့ဟာ အရမ်းကြီး ရုပ်ချောနေသူတွေ မဟုတ်ဘူး။ မင်းတို့ကို စိတ်ဝင်စားပါတယ်ဆိုပြီး ချဉ်းကပ်တဲ့ အမျိုးသမီးတွေက မင်းတို့ရဲ့ ကျော်ကြားမှုနဲ့ ငွေတွေပဲ ကြည့်တာပါ။ နိုက်ကလပ်မှာ အချစ်စစ်ကို ရှာမတွေ့နိုင်ပါဘူး"ဟု ရာမီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
