ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုက မန်ယူအသင်းနှင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်ခဲ့ခြင်းက သူ၏ခြေစွမ်းအပေါ် သက်ရောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။
အသက် (၂၀)နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက် မန်ယူအသင်းနှင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်ခဲ့သူဖြစ်သည်။
သို့သော် မန်ယူအသင်းသည် ဆန်ချိုအတွက် ဒေါ့မွန်အသင်းဘက်က တောင်းဆိုသည့်ကြေးကို ပေးချေနိုင်ခြင်းမရှိသည့်အတွက် ဆန်ချိုမှာ ဒေါ့မွန်အသင်းတွင် ဆက်ရှိနေခြင်းဖြစ်သည်။
ဆန်ချိုသည် ယခုရာသီတွင် ဒေါ့မွန်အသင်း၌ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေပြီး ၎င်းအနေဖြင့် ယင်းသို့ ရုန်းကန်နေရခြင်းမှာ မန်ယူအသင်းနှင့် ထွက်ပေါ်ခဲ့သည့် အပြောင်းအရွှေ့သတင်းများကြောင့် ဖြစ်သည်ဟု အသင်းနည်းပြ လူစီယန်ဖာက ပြောကြားခဲ့သည်။
သို့သော် ဆန်ချိုက "ဒီရာသီမှာ ကျွန်တော် ရုန်းကန်နေရတာ မန်ယူအသင်းနဲ့ ထွက်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့သတင်းတွေကြောင့်လို့ ကျွန်တော် မထင်ပါဘူး။ ကစားသမားတိုင်းမှာ ရုန်းကန်ရတဲ့ အခိုက်အတန့် ရှိတတ်ပြီး အခု ကျွန်တော် အဲဒီအခိုက်အတန့်နဲ့ ကြုံနေရတာပါ။ ကျွန်တော့်အနေနဲ့ ခြေစွမ်းပြနိုင်အောင် အစွမ်းကုန်ကြိုးစားနေပါတယ်"ဟု ပြောကြားခဲ့သည်။
ဆန်ချိုသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ဒေါ့မွန်အသင်းအတွက် ဘွန်ဒစ်လီဂါ (၃၂)ပွဲတွင် (၁၇)ဂိုးအထိ သွင်းယူနိုင်ခဲ့သော်လည်း ယခုရာသီ ဘွန်ဒစ်လီဂါ (၆)ပွဲကစားထားရာတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
