ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်က ယခုရာသီတွင် မန်ယူအသင်း ရုန်းကန်နေရခြင်းက အသင်းကွင်းလယ်လူ ပေါ့ဘာ၏ စိတ်ပိုင်းကိုပါ ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။
အသက် (၂၇)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်ခဲ့ရသလို၊ ယခုရာသီတွင် ပုံမှန်ပွဲထွက်ခွင့်ရရန်ပင် ရုန်းကန်နေရသည်။
ပေါ့ဘာသည် အောက်တိုဘာ (၁၀)ရက်က ကစားခဲ့သည့် ခြေစမ်းပွဲ ပြင်သစ် (၀-၂) ဖင်လန်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့သော်လည်း ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသည်။
ဒေးရွှမ့်က "ပေါ့ဘာ အကောင်းဆုံးအနေအထားမှာ မရှိဘူးဆိုတာကို ကျွန်တော် သိပြီးသားပါ။ ဖင်လန်ပွဲက သူ့ကို အသင်းနဲ့ အသားကျအောင် အကူအညီဖြစ်မယ်လို့ ထင်ပါတယ်။ ပေါ့ဘာအနေနဲ့ ရုန်းကန်နေရချိန်ဖြစ်လို့ ဒီလိုအခြေအနေမျိုးမှာ သူ့အနေနဲ့ ခြေစွမ်းပြဖို့ ခက်ပါတယ်။ ကလပ်အသင်း ရုန်းကန်နေရတာက ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှု ရှိပါတယ်။ ပေါ့ဘာအကြောင်းကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ တစ်ခါတလေမှာ ဒီလိုမျိုးတွေ ဖြစ်တတ်ပါတယ်"ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် ရုန်းကန်နေရသလို၊ ပေါ့ဘာမှာလည်း ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး မန်ယူအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၁၁) ပွဲကစားရာတွင် (၁) ဂိုးသာ သွင်းယူထားနိုင်သေးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
