ဘာစီလိုနာအသင်းသည် အလွန်ဆိုးရွားသည့် ဘဏ္ဍာရေးပြဿနာ ကြုံတွေ့နေရခြင်းအတွက် ကစားသမားများ၏ လစာငွေကို လျှော့ချရန်အတွက် ဆွေးနွေးညှိ နှိုင်းမှုများပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းက COVID-19 ကြောင့် အသင်း၏ ဘဏ္ဍာရေးအခြေအနေကို ဆိုးရွားစွာထိခိုက်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီ ဘဏ္ဍာရေးနှစ်တွင် အရှုံးပေါ်ခဲ့ကြောင်းကို ပြီးခဲ့သည့်လအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။
လာမည့် ၂၀၂၀-၂၁ ရာသီတွင်လည်း ပိုမိုဆိုးရွား သည့်အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေပြီး ကဏ္ဍအသီးသီး၏ ဝင်ငွေလျော့ကျမှု စုစုပေါင်းမှာ ဒေါ်လာသန်း (၄ဝဝ) ကျော်အထိ ရှိနိုင်သည်ဟုလည်း ခန့်မှန်းခဲ့သည်။
ယင်းအတွက်ကြောင့် အသင်း၏ အသုံးစရိတ်ထဲတွင် ကုန်ကျမှု အများဆုံးဖြစ်နေသည့် လစာငွေသုံးစွဲမှုကို လျှော့ချရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး လစာငွေလျှော့ချမှုမှ ဒေါ်လာသန်း (၂ဝဝ)ဝန်းကျင်အထိ အပိုထွက်လာရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။
ဘာစီလိုနာအသင်းတာဝန်ရှိသူများနှင့် ကစားသမားများ၏ ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုများကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ကြပြီး သဘောတူညီမှု ရရှိခဲ့ခြင်း မရှိချေ။ ယင်းအခြေ အနေနှင့် ပတ်သက်ပြီး ဘာစီလိုနာအသင်း၏ ထုတ်ပြန် ကြေညာမှုတွင် "နေ့ပေါင်းများစွာ အငြင်းအခုံများစွာ၊ ဆွေးနွေးမှုများစွာကို ပင်ပန်းမောပန်းစွာ ဆွေးနွေးခဲ့ပြီး ဒီနေ့၊ နိုဝင်ဘာ (၁၁)ရက်နေ့မှာတော့ နှစ်ဖက်အဖွဲ့အစည်း တွေအကြားမှာ သဘောတူညီမှု မရရှိဘဲပြီးဆုံးခဲ့ပါတယ်"ဟု ပါရှိခဲ့သည်။
သတင်းများ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်း သည် မက်ဆီအပါအဝင် ထိပ်တန်းလစာရရှိနေသည့် ကစားသမားများအား လက်ရှိ လစာငွေ၏ (၃၀)ရာခိုင်နှုန်းအထိ လျှော့ချရန်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အခြားကစားသမားများကိုလည်း ရာခိုင်နှုန်းအသီးသီး လျှော့ချရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် သဘောတူညီမှုမရရှိဘဲ ဆွေးနွေးမှုကို အဆုံးသတ်ခဲ့ရခြင်းဖြစ်ပြီး နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ပြန်လည်စတင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
