မန်ယူအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်က ယခုရာသီတွင် ရလဒ်များ ဆိုးရွားနေသော်လည်း မိမိတို့အနေဖြင့် အသင်းနည်းပြ ဆိုးလ်ရှားကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ပွဲစဉ် (၇)ပွဲကစားထားရာ (၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံးရလဒ် ထွက်ပေါ်ထားပြီး ရမှတ် (၁၀)မှတ်ဖြင့် အဆင့် (၁၄)နေရာတွင် ရပ်တည်နေသည်။
ထို့ကြောင့် မန်ယူအသင်းသည် နည်းပြ ဆိုးလ်ရှားကို ရာထူးမှထုတ်ပယ်ပြီး အသင်းလက်မဲ့ဖြစ်နေသည့် စပါးနည်းပြဟောင်း ပိုချက်တီနိုကို ၎င်းနေရာတွင် အစားထိုးခန့်အပ်ဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
သို့သော် အက်ဒ်ဝုဒ်ဝက်ဒ်က ဆိုးလ်ရှားလက်အောက်တွင် မန်ယူအသင်းမှာ တိုးတက်လာကြောင်း ပြောကြားခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ ခြေစွမ်းတစ်သတ်မတ်တည်းဖြစ်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆိုးလ်ရှားကို ယုံကြည်မှုအပြည့်ရှိပြီး သူ့လက်ထက်မှာ အသင်းက တိုးတက်နေပါတယ်။ အသင်းပရိသတ်တွေရဲ့ ရှေ့မှာ ကစားရတဲ့ အချိန်တွေကို ကျွန်တော်တို့ လွမ်းဆွတ်နေပါတယ်။ ပရိသတ်တွေ ကွင်းအတွင်း အမြန်ဆုံးဝင်ရောက်ကြည့်ရှုနိုင်ဖို့အတွက် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်"ဟု အက်ဒ်ဝုဒ်ဝက်ဒ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
