ကိုလံဘီယာ - ဥရုဂွေး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၃:၀၀ နာရီ)
နောက်ဆုံးတွေ့ဆုံမှုတွေမှာ ဥရုဂွေးအသင်းက သိသိသာသာ အသာစီးရထားပေမဲ့ လတ်တလောအနေအထားမှာ ကိုလံဘီယာက ခြေစွမ်းပိုသာပါတယ်။ ကိုလံဘီယာက နည်းပြ ကားလို့စ်ကွီရော့ဇ်ရဲ့ ၄-၃-၃ ကစားကွက်မှာ အတော်လေးတည်ငြိမ်လာတယ်။ မူရီယဲလ်၊ ဇာပါတာ၊ ဟာမီးစ်ရိုဒရီဂွက်ဇ်တို့ရဲ့တိုက်စစ်စုဖွဲ့မှုက ဘရာဇီးလ်၊ အာဂျင်တီးနားတို့ကိုတောင် ကောင်းကောင်းယှဉ်နိုင်တဲ့အနေအထားရှိတယ်။ ဥရုဂွေးကတော့ နာမည်ကြီးတွေရှိပေမဲ့ အသင်းက တဖြည်းဖြည်းကျဆင်းလာနေတယ်။ ကိုလံဘီယာပဲ နိုင်ဖို့များတယ်။
ချီလီ - ပီရူး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၅:၃၀ နာရီ)
ဒီနှစ်သင်းစလုံးက အိမ်ကွင်းအားသာချက်ကို အားပြုကစားလေ့ရှိတဲ့အသင်းဖြစ်ပြီး အဖွင့်(၂)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့အသင်းတွေဖြစ်လို့ နိုင်ပွဲစယူနိုင်ဖို့ ကြိုးစားကြမှာ သေချာပါတယ်။ ချီလီတိုက်စစ်က ပီရူးထက် လုပ်ရည်ကိုင်ရည်ပိုကောင်းလို့ အိမ်ရှင်ပဲ နိုင်ဖို့များတယ်။
ဘရာဇီးလ် - ဗင်နီဇွဲလား (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၇:၀၀ နာရီ)
ဗင်နီဇွဲလားအသင်းမှာ ရွန်ဒွန်၊ ရင်ကွန်၊ ရိုဆဲလက်စ်၊ ဟာရဲရား၊ ချန်ဆယ်လာတို့လို ပြည်ပရောက်အမာခံကစားသမား အများစုရှိနေပေမဲ့ အသင်းက အရင်ကလောက် ဖျက်မြင်းလုပ်နိုင်စွမ်း မရှိတော့ဘူး။ ဘရာဇီးလ်တိုက်စစ်မှာ ဖေမီနိုက ကလပ်အသင်းမှာ ရုန်းကန်နေရချိန် ဂျေးဇူး ဒဏ်ရာကပြန်လည်သက်သာလာတာကတော့ နည်းပြ ထိထီအတွက် သတင်းကောင်းပါပဲ။ ကော်တင်ဟို၊ ကက်စီမီရို၊ ဖာဘင်ညိုတို့ မပါဝင်နိုင်တဲ့ ဘရာဇီးလ်ကွင်းလယ်ကတော့ အတော်လေးအားလျော့နေတယ်။ ဒါပေမဲ့ ဘရာဇီးလ်မြေမှာ ကစားမှာဖြစ်လို့ အိမ်ရှင်ဘက်ကပဲ ရပ်တည်ချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
