မကြာသေးမီက အသားအရောင်ခွဲခြားမှု၊ လိင်ခွဲခြားဆက်ဆံမှု စသည့် ခွဲခြားဆက်ဆံသောစကားလုံးများကို သုံးစွဲခဲ့ခြင်းကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ၏ ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်ခဲ့ရသူ ဂရက်ကလက်ခ်သည် ယခုအခါ ကမ္ဘာ့ဘောလုံးအ ဖွဲ့ချုပ် (ဖီဖာ) ၏ ဒုဥက္ကဋ္ဌ ရာထူးမှလည်း ထပ်မံနုတ်ထွက်ခဲ့ရသည်။
ယခုဆုံးဖြတ်ချက်သည် ကလက်ခ်နှင့် လက်ရှိ UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်တို့ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။
သူသည် FA ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်ခဲ့ပြီးနောက် ဖီဖာ ဒုဥက္ကဋ္ဌရာထူးတွင်မူ ၂၀၂၁ ခုနှစ်၊ မတ်လအထိ ဆက်ရှိနေ မည်ဖြစ်ကြောင်း၊ UEFA ၏ မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး ကာကွယ်ရန် UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်၏ တောင်းဆိုမှုကြောင့်ဖြစ်ကြောင်း BBC သို့ ပြောကြားခဲ့သည်။
ဂရက်ကလက်ခ်သည် ဖီဖာကောင်စီတွင် UEFA ကိုယ်စားပြုအနေဖြင့် ရှိနေခြင်းကြောင့်ဖြစ်သည်။
သို့သော် ဂရက်ကလက်ခ်က ယင်းကဲ့သို့ ပြောကြားခဲ့ပြီး နောက်တစ်နေ့တွင်ပင် ဆယ်ဖာရင်က ဂရက်ကလက်ခ်နှင့် ဖုန်းပြောခဲ့ပြီး ယင်းဆုံး ဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
