ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် International Cultural Diversity Organization (ICDO) က ကြီးမှူး၍ ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲ (Costumes of the World) တွင် မြန်မာနိုင်ငံ၏ အဓိက တိုင်းရင်းသား လူမျိုး (၈)မျိုး၏ ဝတ်စားဆင်ယင်မှုများအား တင်ဆက်ပြသခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
၎င်းကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲကို စက်တင်ဘာ (၂၇)ရက်က ဗီယင်နာမြို့တော်ခန်းမ (Festsaal Rathaus) ၌ ကျင်းပခဲ့ရာ ဗီယင်နာ ဒုတိယမြို့တော်ဝန်နှင့် ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Christoph Wiederkehr၊ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဝတ်စားဆင်ယင်မှုတင်ဆက်သည့် နိုင်ငံများမှ သံအမတ်ကြီးများ/ ယဉ်ကျေးမှုသံအရာရှိများနှင့် ပရိသတ် ရာပေါင်းများစွာ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဝတ်စားဆင်ယင်မှုပြပွဲတွင် မြန်မာသံရုံး/ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ ဗီယင်နာမြို့က မြန်မာနိုင်ငံ၏ အဓိကတိုင်းရင်းသားလူမျိုး (၈)မျိုး ဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့် ရှမ်းတိုင်းရင်းသားဝတ်စုံများဖြင့် တင်ဆက်ပြသခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၂) နိုင်ငံက ၎င်းတို့၏ ရိုးရာ ဝတ်စားဆင်ယင်မှုများ၊ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ပြသခဲ့ကြောင်းလည်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
