စက်တင်ဘာ ၂၇ ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ဟစ်ဇ်ဘိုလာခေါင်းဆောင် ဆေးယက် ဟက်ဆန် နာဆရာလာသေဆုံခဲ့ကြောင်း အစ္စရေးစစ်တပ်က စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနက ဟစ်ဇ်ဘိုလာအရာရှိများထံမှ မှတ်ချက်ကို ရရှိခဲ့ခြင်းမရှိသေးပေ။
အီရန်၏ ကျောထောက်နောက်ခံရရှိထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း နာဆရာလာ၏ အခြေအနေနှင့်ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်ခြင်းမရှိသေးပေ။
ထိုသတင်းသာ မှန်ကန်ခဲ့မည်ဆိုပါက နာဆရာလာသေဆုံးမှုသည် ဟစ်ဇ်ဘိုလာအဖွဲ့အတွက်သာ မကဘဲ ဟစ်ဇ်ဘိုလာကို ထောက်ခံသည့် အီရန်အတွက်လည်း ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။
ဟစ်ဇ်ဘိုလာတို့ ထိန်းချုပ်ထားသည့် ဒါဟီယာရပ်ကွက်ရှိ လူနေအဆောက်အအုံတစ်ခု၏ မြေအောက် ဌာနချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း နာဆရာလာ၊ အခြားခေါင်းဆောင်တစ်ဦးဖြစ်သူ အလီ ကာရာကီနှင့် တပ်မှူးအချို့ သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။
Ref:Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
