တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၀၂၅ ယူ-၂၀ အာရှဖလားပြိုင်ပွဲအတွက် မြန်မာအသင်းအနေဖြင့် ခြေစစ် ပွဲစဉ်ကစားခဲ့ရာ (၃)ပွဲကစား (၃)ပွဲရှုံး ရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။
ယမန်နေ့ စက်တင်ဘာ (၂၉) ညနေပိုင်းတွင် ခြေစစ်ပွဲအုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အား တာ့ခ်မစ်နစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားကြရာ (၂)ဂိုး(၁)ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၂၀ အသင်းအနေဖြင့် စက်တင်ဘာ (၂၅)ရက်၌ ကာဂျစ်စတန်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ရာ (၂)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသလို၊ စက်တင်ဘာ (၂၇) ရက်တွင်လည်း ဂျပန်အသင်းနှင့် တွေ့ဆုံရာ၌ (၆)ဂိုးပြတ်ဖြင့် ရှုံး နိမ့်ထားသည်။
၂၀၂၅ ယူ-၂၀ အာရှဖလားပြိုင်ပွဲဝင်ခွင့်ရရှိရေးအတွက် ခြေစစ်ပွဲများကစားရာ မြန်မာအသင်းအနေဖြင့် အုပ်စု (I)တွင် ကာဂျစ္စတန် ၊ ဂျပန်နှင့် တာ့ခ်မင်နစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် ၂၀၂၅ ယူ-၂၀ အာရှဖလားပြိုင်ပွဲဝင်ခွင့် ခြေစစ်ပွဲများကို အုပ်စုအဆင့်အလိုက် ကစားရာတွင် ဘရူနိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အရှေ့တီမောနှင့် မလေးရှားနိုင်ငံတို့မှာ ပြိုင်ပွဲနှင့် ဝေးကွာခဲ့ပြီဖြစ်သည်။
ပြိုင်ပွဲဝင်ခွင့် စည်းမျဉ်းအရ အုပ်စုပထမအသင်း (၁၀)သင်းနှင့် အကောင်းဆုံး ဒုတိယ (၅)သင်းတို့သည် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် အာရှယူ-၂၀ ပြိုင်အတွက် ခြေစ စ်ပွဲအောင်မြင်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
