ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်း၏ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား အီမီလီယာနိုမာတီနက်ဇ် သည် ၎င်း၏ ရိုင်းပျသည့်အပြုအမူများကြောင့် နိုင်ငံတကာပွဲ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။
မာတီနက်ဇ်သည် စက်တင်ဘာ ၅ ရက် က ချီလီအသင်းအား အိမ်ကွင်း၌ အနိုင်ရသည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင် ကိုပါအမေရိကဆုဖလားကိုကိုင်၍ ခါးကိုရှေ့သို့ကော့ကာ မဖွယ်မရာအပြုအမူပြုလုပ်ခဲ့သည်။
ထို့ပြင် ၎င်းသည် စက်တင်ဘာ ၁၀ ရက်က ကိုလံဘီယာအသင်းအား အဝေးကွင်း၌ ရှုံးနိမ့်သည့်ပွဲအပြီး ကွင်းအပြင်သို့ထွက်လာစဉ် ကင်မရာကို လက်အိတ်ဖြင့်ရိုက်၍ တွန်းထိုးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) စည်းကမ်းထိန်းသိမ်းရေးကော်မတီက ၎င်းအား နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ မာတီနက်ဇ်အနေဖြင့် အောက်တိုဘာ ၁၀ ရက်တွင် ဗင်နီဇွဲလား အသင်းနှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၅ ရက်တွင် ဘိုလစ်ဗီးယားအသင်းနှင့် အိမ်ကွင်းပွဲစဉ်များကို လွဲချော်တော့မည်ဖြစ်သည်။
မာတီနက်ဇ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ရွှေလက်အိတ်ဆုရယူပြီးနောက် ယင်းကဲ့သို့ပြုမူသဖြင့် ဝေဖန်မှုများခံခဲ့ရဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
