ရီးယဲလ်မက်ဒရစ်အသင်း၏ အီတလီလူမျိုးဝါရင့်နည်းပြကြီး အန်ဆယ်လော့တီက မက်ဒရစ်ဒါဘီလာလီဂါပွဲစဉ်တွင် မိမိတို့အနိုင်ရရန်အလွန်နီးစပ်ခဲ့သော်လည်း သရေရလဒ်ဖြင့်သာကျေနပ်ခဲ့ရပြီး ဖြစ်လေ့ဖြစ်ထရှိသည့် အခြေအနေသာဖြစ်သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
၂၀၂၄-၂၅ ရာသီ စပိန်လာလီဂါ ပွဲစဉ် (၈)အဖြစ် ယှဉ်ပြိုင်ခဲ့သည့် မက်ဒရစ်ဒါဘီပွဲစဉ်တွင် ရီးယဲလ်အသင်းသည် နာကျင်အချိန်ပို (၄)မိနစ်အထိ (၁-၀)ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း (၉၀+၅)မိနစ်တွင် ချေပဂိုးခွင့်ပြုခဲ့ရကာ သရေရလဒ်ဖြင့်ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
ယခုပွဲရလဒ်နှင့် ပတ်သက်ပြီး ရီးယဲလ်မက်ဒရစ်နည်း ပြအန်ဆယ်လော့တီက ''ကျွန်တော်တို့ အနိုင်ရဖို့ အလွန်နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ (အက်သလက်တီကို) ဟာ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေပါ။ ဒီအတွက် ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒီအခြေအနေကိုကာကွယ်ဖို့ အခွင့်အရေးရှိခဲ့ပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး။ ဒါဟာ အသင်းအတွက် ကောင်းခြင်းလည်းဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ဒီနေရာမှာ ဘာဖြစ်ခဲ့လဲဆိုတာ စဉ်းစားမိရင်ပါ။ (ပြီးခဲ့သည့်ရာသီက အက်သလက်တီကိုအသင်းအား အဝေးကွင်းတွင် ၁-၃ ဂိုးဖြင့်အရေးနိမ့်ခဲ့ခြင်းအပေါ်ရည်ညွှန်း)'' ဟုပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် မက်ဒရစ်ဒါဘီပွဲသရေရလဒ်ကြောင့် ထိပ်ဆုံးမှ ဘာစီလိုနာအသင်းနှင့် (၃) မှတ်ကွာဟလျက်ရှိနေပြီး အနီးကပ်ဖိအားပေးနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
ရီးယဲလ်အသင်းသည် အက်သလက်တီကိုအသင်းအား လာလီဂါအဝေးကွင်း နောက်ဆုံးတွေ့ဆုံမှု (၆)ကြိမ်တွင်၊ (၁)ကြိမ်သာအနိုင်ရခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
