Top News

စီရော်နယ်လ်ဒိုကို သက်တမ်းတိုးရန် အယ်လ်နာဆာအသင်း စီစဉ်နေ
24htopnews | September 30, 2024 4:12 PM CST

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသည် ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

စီရော်နယ်လ်ဒိုနှင့် အယ်လ်နာဆာအသင်း၏ လက်ရှိစာချုပ်မှာ လာမည့် ၂၀၂၅ နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး အယ်လ်နာဆာအသင်းက ၎င်းကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်မပြုလိုသည့်အတွက် သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကစားသမားဘဝမှ အနားယူခြင်းမပြုရန် ဆုံးဖြတ်ထားသော စီရော်နယ်လ်ဒိုကလည်း အယ်လ်နာဆာအသင်း ကမ်းလှမ်းလာခဲ့ပါက လက်ခံဖွယ်ရှိကြောင်း သိရသည်။

စီရော်နယ်လ်ဒို(၃၉ နှစ်)သည် ပေါ်တူဂီလက်ရွေးစင်အသင်းနှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူလိုသည့် မျှော်လင့်ချက်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နောက်ဆုံးအနေဖြင့် ကြိုးစားရန် ရည်ရွယ်ထားခြင်းကြောင့် အယ်လ်နာဆာအသင်းတွင် ဆက်ကစားသွားနိုင်ရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK