မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မကာအိုနိုင်ငံ၌ ကျင်းပသည့် မကာအိုအိုးပင်း ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။
သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် လက်ရည်စစ်ပွဲယှဉ်ပြိုင်စရာမလိုဘဲ နောက်ဆုံးအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပထမအဆင့်တွင် ဂျပန်နိုင်ငံသူ မာနာမီနှင့်တွေ့ဆုံခဲ့ပြီး (၂-၁) ပွဲဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
သက်ထားသူဇာသည် ပထမပွဲငယ်တွင် ၂၁-၁၀ မှတ်ဖြင့် အရေးနိမ့်သော်လည်း ဒုတိယပွဲငယ်တွင် ၂၁-၁၁ မှတ်ဖြင့် ပြန်လည်အနိုင်ရခဲ့သည်။ သက်ထားသူဇာသည် ဒုတိယပွဲငယ်တွင် ပုံစံကောင်းပြသနိုင်ခဲ့ပြီး အမှတ်ပြတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အဆုံးအဖြတ်ပွဲဖြစ်သည့် တတိယပွဲငယ်တွင်မူ ၂၁-၈ မှတ်ဖြင့် ပြန်လည်အရေးနိမ့်ခဲ့သဖြင့် ပထမအဆင့်မှ ထွက်ခဲ့ရသည်။
သက်ထားသူဇာသည် စက်တင်ဘာလအတွင်း တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ တရုတ်နှင့် မကာအိုနိုင်ငံ၌ ကျင်းပသည့် BWF ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အောင်မြင်မှုရယူနိုင်ခြင်းမရှိဘဲ ပထမအဆင့်၊ ဒုတိယအဆင့်တို့မှ ထွက်ခဲ့ရသည်။ သက်ထားသူဇာသည် ပါရီအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် BWF ပြိုင်ပွဲများ ဆက် တိုက်ယှဉ်ပြိုင်လျက်ရှိသည်။
သက်ထားသူဇာသည် ကမ္ဘာ့အဆင့်ရပ်တည်မှု မကျဆင်းစေရန်အတွက် BWF က ကျင်းပသည့် ပြိုင်ပွဲများတွင် ဆက်တိုက်ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ သက်ထားသူဇာသည် အာရှနိုင်ငံများ၌ ကျင်းပသည့် ပြိုင်ပွဲများကို ဦးစားပေးယှဉ်ပြိုင်လေ့ရှိသော်လည်း ဥရောပနိုင်ငံများ၌ ကျင်းပသည့်ပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
