ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဗင်းဆင့်ကွန်ပနီက လေဗာကူဆင်အသင်းနှင့်ပွဲတွင် လူစားလဲခဲ့ရသည့် တိုက်စစ်မှူး ဟာရီကိန်း၏ဒဏ်ရာ မပြင်းထန်စေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၈ ရက်က ယှဉ်ပြိုင်ကစားသည့် ဘိုင်ယန်မြူးနစ် (၁-၁) လေဗာကူဆင် ပွဲစဉ်တွင် ဟာရီကိန်းမှာ ခြေချင်းဝတ်ထိခိုက်မိသဖြင့် ၈၆ မိနစ်တွင် လူစားလဲခဲ့ရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် အောက်တိုဘာ ၂ ရက်တွင် ဗီလာအသင်းနှင့် ချန်ပီယံလိဂ် အဝေးကွင်းပွဲကစားရမည်ဖြစ်ရာ အားထားရသည့်တိုက်စစ်မှူးဖြစ်သူ ဟာရီကိန်းပါဝင်နိုင်ရန် မျှော်လင့်နေသည့် ကွန်ပနီက ယခုလို ပြောကြားခြင်းဖြစ်သည်။
"ကျွန်တော်က ဆရာဝန်မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာမှပြင်းပြင်းထန်ထန်မဖြစ်စေဖို့တော့ ကျွန်တော်မျှော်လင့်ပါတယ်။ အခုက ပြောဖို့စောပါသေးတယ်။ ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့်ပွဲအတွက် သူ(ဟာရီကိန်း) ကြံ့ခိုင်မှုပြည့်ဝဖို့တော့ မျှော်လင့်ပါတယ်" ဟု ကွန်ပနီက ပြောကြားခဲ့သည်။
ဟာရီကိန်းသည် ယခုရာသီ ဘွန်ဒစ်လီဂါပွဲစဉ် ၅ ပွဲ ကစားရာတွင် ၅ ဂိုးသွင်းယူပေးထားပြီး ဒိုင်နမိုဇာဂရက်အသင်းအား ၉-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၄ ဂိုးသွင်းယူပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
