Top News

ဘရူနိုဖာနန်ဒက်စ်အား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားခြင်းကို ဂျွန်အယ်လ်ဒရစ်ချ် ဝေဖန်ခဲ့ပြီး နည်းပြသစ်အနေဖြင့် ထပ်မမှားသင့်ဟု ဆို
24htopnews | September 30, 2024 6:12 PM CST

Sunday World သတင်းစာတွင် ဘောလုံးသုံးသပ်ချက်များ ရေးသားနေသည့် အိုင်ယာလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဂျွန်အယ်လ်ဒရစ်ချ်က မန်ယူအသင်းအနေဖြင့် ဘရူနိုဖာနန်ဒက်စ်အား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားခြင်းကို ဝေဖန်ပြစ်တင်ခဲ့သည်။

၎င်းက ဘရူနိုဖာနန်ဒက်စ်သည် ထူးချွန်သည့် ထိပ်တန်းကစားသမားတစ်ဦးဖြစ်သော်လည်း ရွန်နီကဲ့သို့ပင် ဦးဆောင်နိုင်သည့် စွမ်းရည်မရှိကြောင်းလည်း သုံးသပ်ခဲ့သည်။

ထို့ပြင်ဂန္ထဝင်နည်းပြ ဖာဂူဆန် အနားယူသွားချိန်ကတည်းက မန်ယူအသင်းတွင် အရည်အသွေးပြည့်ဝသည့် အသင်းခေါင်းဆောင်ကို မမြင်တွေ့ရတော့ဟုလည်း ဆိုခဲ့သည်။

၎င်းက ဘရူနိုဖာနန်ဒက်စ်အား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်းမှာ တန်ဟက်ဂ်၏ အကြီးမားဆုံးအမှားအယွင်းတစ်ခုဖြစ်ပြီး နောက်လာမည့် နည်းပြများအနေဖြင့် အဆိုပါအမှားမျိုး ထပ်မံမကျူးလွန်သင့်ဟုလည်း ဆိုခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် ၂၀၂၃ ဇူလိုင်တွင် မန်ယူအသင်းခေါင်းဆောင်အဖြစ် စတင်တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

 


READ NEXT
Cancel OK